191

549 63 1
                                    

Uni
========
Hail The King
အပိုင်း(၁၉၁)

အဖိုးကြီးကိန်းမှာ မောပန်းလွန်းသဖြင့် ခွေးတစ်ကောင်ကဲ့သို့ပင် လျှာတန်းလန်းဖြင့် အသက်ရှူနေ၏။ ခနတာခန့် အနားယူအပြီးတွင် သူသည် ကျောက်မြတ်ရတနာစ ၆တုံးကို ရေးဆွဲထားသော မှော်အစီရင်၏ ထောင့်ခြောက်ဘက်တွင် တင်လိုက်၏။ ထို့နောက်တွင် အားပျော့သော မှော်စွမ်းအင်အနည်းငယ်ကို စီးဝင်စေလိုက်သည်။

ထို့နောက်တွင် မှော်ဆန်သည့်အရာတစ်စုံတစ်ခု ဖြစ်ပျက်သွား၏။

မှော်အစီရင်မှာ လှုံ့ဆောင်ချင်းကို ခံလိုက်ရပြီး စတင်၍ အသက်ဝင်လာတော့သည်။ မှော်ကျောက်တုံးများသည် အနီရောင်တောက်ပလာကြပြီး ရေးဆွဲထားသော မှော်စီးကြောင်းများမှ မှော်စွမ်းအင်များတောက်ပလာတော့သည်။ ထို့နောက်တွင် အနီရောင်မျဥ်းကြောင်းများတောက်ပလာပြီး အစီရင်၏အလည်ခေါင်တွင် စုစည်းပေါင်းဆုံသွား၏။ အနီရောင်လင်းတန်းတစ်ခုသည် အစီရင်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာပြီးကောင်းကင်သို့ပျံတက်သွားသည်။ ထို့နောက်တွင်ကြီးမားသည့် စုပ်အားရှိသော ဝဲတစ်ခုသည် မှော်အစီရင်တွင် ဖြစ်ပေါ်လာ၏။ မြေကြီးတုန်ခါသွားပြီးနောက်တွင် လိမ္မော်ရောင်အလင်းဖျော့ဖျော့သည် မှော်အစီရင်စက်ဝိုင်း၏ အလည်ခေါင်မှထွက်ပေါ်လာတော့သည်။

"ထွက်လာပြီဟ...ဟားဟားဟား...အဲ့မှာကြည့်ကြည့် အဲ့တာက တကယ်ပဲ ကမ္ဘာ့ဗဟိုမီးတောက်တွေပဲ..."

အဖိုးကြီးကိန်းသည် စိတ်လှုပ်ရှားလွန်းလှသဖြင့် မြေပြင်ပေါ်တွင် သူ၏ခြေထောင်နှစ်ချောင်းကို ပြင်းထန်စွာ ဆောင့်လျှက်ရှိသည်။ သို့သော် မကြာမှီအချိန်တွင် လည်ညစ်ခံလိုက်ရသော ကြက်ဖတစ်ကောင်ကဲ့သို့ သူ၏ပျော်ရွှင်စွာ အော်ဟစ်နေသောအသံသည်လည်းရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ အရေးကြီးသာ့်အချိန်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် မှော်အစီရင်မှ တောက်ပနေသောအလင်းများအားလုံး မှေးမှိန်ကာပျောက်ကွယ်သွားပြီး စီးဆင်းနေသော မှော်စွမ်းအင်များလည်း ရပ်တံ့သွားတော့သည်။ ရလဒ်အနေဖြင့် မြေအောက်မှဆွဲတင်ထားသော လိမ္မော်နုအောင် အလင်းဖျော့ဖျော့မီးတောက်မှာလည်း လေထုထဲတွင် ပျောက်ကွယ်သွားတော့၏။

Hail the king(1-200)Where stories live. Discover now