Uni
======
Hail The King
အပိုင်း(၅၃) "ရန်သူ၏ တုံ့ပြန်မှု""ဟားဟား ဖေဖေမင်းကို စောင့်နေတာကြာပြီ...."
ဖှေးမှာ လမ်ဒီပေါ်လာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသတ်ဖျတ်သူသည် အမှောင်ထဲရှိနေပါက အင်မတန်ကြောက်စရာကောင်းသည်။ သို့သော် မြင်ကွင်းထဲရောက်ရှိလာပါက ထိုမျှ စိုးရိမ်စရာမရှိတော့ပေ။ထို့ကြောင့်ပင် ဖှေးမှာ ထိတ်လန့်အံ့သြရမည့်အစား အနည်းငယ်စိတ်အေးသွား၏။ရယ်မောကာ [ခုန်ကျော်ခြင်း]ကို အသုံးပြုပြီး လေပေါ်သို့ပျံတက်သွားသည်။ထို့နောက်တွင် သူ၏ပုဆိန်အား တင်းကြပ်စွာဆုပ်ကိုင်ပြီး ရှိသမျှခွန်အားတို့ကို ယခုတိုက်ခိုက်တော့မည့် ရိုက်ချက်တွင်အသုံးပြုလိုက်၏။
"ရှပ်"
ထိုရိုက်ချက်မှာ သိပ်ကျယ်လောင်ခြင်းမရှိသည့် စက္ကူဖြဲလိုက်သကဲ့သို့ အသံတစ်ခုပြုလုပ်လိုက်၏။
လမ်ဒီ၏ ပြိုးပြိုးပြတ်ပြတ်တောက်ပသော ပေါက်ကွဲသောနေမင်း၏ ရိုက်ချက်၏တိုက်ခိုက်မှုနှင့် ယှဥ်ပါက ဖှေး၏တိုက်ခိုက်မှုမှာ ရိုးရှင်းသည်။သစ်ခုတ်သမားက ပုဆိန်ဖြင့် သစ်ပင်ကိုခုတ်လိုက်သည့်အတိုင်းသာ။
သို့သော်လည်း ထိုရိုက်ချက်မှာ လမ်ဒီ ပစ်လွှတ်လိုက်သည့် ၅ကိုက်ခန့်ရှည်လျားသည့် အတွင်းအားတန်းကို နှစ်ပိုင်းပိုင်းပစ်လိုက်၏။နှစ်ပိုင်းပြတ်သွားသော စွမ်းအင်နှစ်ခုမှာ ဖှေးအား ကျော်လွန်သွားပြီး ပေါက်ကွဲမှုအသေးစားလေး ဖြစ်ကာ ပျောက်ကွယ်သွား၏။
ထိုအချိန်၌ပင် အလွန်လျင်မြန်စွာပင်....
"ချွင် ချွင် ချွင် ချွင်"
မီးတောက်မီးစများလေထဲတွင် ပေါ်ပေါက်လာသည်။နှစ်ယောက်သားလေပေါ်တွင် သာမန်မျက်လုံးဖြင့်လိုက်ကြည့်ရန် မဖြစ်နိုင်သည့် အမြန်နှုန်းဖြင့် စတင်တိုက်ခိုက်ကြတော့သည်။သံသံချင်းရိုက်ခတ်သံများနှင့် မီးပွားမီးစများမှာ တိုက်ပွဲ၏အလည်ခေါင်တွင်ပေါ်ပေါက်လာသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်လုံး အော်ဟစ်ပြီး အနောက်သို့ဆုတ်ကာလူခြင်းခွာလိုက်၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...