Uni
======
Hail The King
အပိုင်း(၈၁) "နတ်ဘုရားပေးသော အစွမ်း [ဆင့်ခေါ်ခြင်း]"နတ်စဥ်အောက်တွင် ဖြစ်သည်။
"မစ် အာကာရာ သူအပေါ်မှာ တစ်ခုခုများဖြစ်နေပြီလားမသိဘူး။ ၃နာရီတောင်ကြာနေပြီ......" နတ်စဥ်တစ်ခုလုံးမှာ အဖြူရောင်အလင်းတန်းကြီး ဖုံးလွှမ်းတောက်ပနေသည်ကို မြင်ရသဖြင့် အယ်လီနာ၏ မျက်နှာပေါ်တွင် စိတ်ပူသည့်အမူအယာပေါ်ပေါက်လာတော့သည်။ ထို့ကြောင့်ပင် စိတ်ပူစွာဖြင့် သူတော်စဥ်အာကာရာအား မေးလိုက်မိသည်။
"စိတ်မပူပါနဲ့ အယ်လီနာ....အဲ့တာက ငါတို့ဘိုးဘေးတွေနဲ့ နတ်ဘုရားရဲ့အစွမ်းတွေပါ...."
အာကာရာသူမ၏ဘေးတွင်စိတ်ပူနေသော အယ်လီနာအား ကြည့်ပြီးပြုံးလိုက်မိသည်။ ထို့နောက်တွင်အယ်လီနာအား ဖှေးတစ်ခါမှမြင်ဖူးခဲ့ခြင်းမရှိသည့် ကြင်နာသောအမူအယာဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"သူပုန်တိုက်ရဲ့ ဒဏ္ဍာရီတွေထဲမှာ အလှဆုံးလို့သက်မှတ်ထားကြတဲ့ အမျိုးသမီးသူပုန်တိုင်း သူတို့ဘဝကိုထာဝရပြောင်းလဲပေးနိုင်မယ့် ယောက်ျားတွေနဲ့တွေ့ဆုံခဲ့ကြရတယ်လေ....အေဒရီရယ်က ဒိုင်ယာဘလိုနဲ့ဆုံခဲ့တယ်၊ သမီးကတော့ဖှေးနဲ့ ဆုံခဲ့တာပေါ့။ ဒါက ကံကြမ္မာကမင်းတို့အတွက် ကြိုတင်စီစဉ်ပေးထားတဲ့အရာပဲလေ..အယ်လီနာ သမီးရဲ့အနာဂတ်ကို ငါကြိုမြင်နေရပါပြီ အဲ့တာက..... ""ဖုန်း"
အာကာရာ စကားပြောနေစဥ်တွင် ကျယ်လောင်သောအသံကြီးတစ်ခုအား သူမ၏နားထဲတွင် ကြားလိုက်ရသဖြင့် ပြောနေသည်ကိုရပ်လိုက်သည်။ အသံလာရာဘက်သို့ ကြည့်လိုက်ရာ နတ်စဥ်တစ်ခုလုံးကို လွှမ်းခြုံထားသော အဖြူရောင်အလင်းတန်းမှာ တဖြည်းဖြည်းပျောက်ကွယ်လာပြီဖြစ်သည်။ နောက်ဆုံးတွင် နတ်စဥ်ပေါ်တွင်ရှိနေသည့်အရာအားလုံးကို သူတို့ပြန်လှည်မြင်နိုင်လာပြီဖြစ်သည်။ လှေကားထစ်များပေါ်တွင် ဖှေးတစ်လှမ်းခြင်းဆင်းလာသည်ကိုတွေ့ရသည်။
အယ်လီနာ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်သောအမူအယာတို့ဖြင့် ဖှေးထံသို့ပြေးသွား၏။ ဖှေးခန္ဓာကိုယ်တစ်ခုလုံးအား သေချာကြည့်ပြီး ဒဏ်ရာတစ်စုံတစ်ရာမရှိသည်သေချာမှ အယ်လီနာစိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ သူမ၏ ဖြူဖွေးကာ အပြစ်ကင်းစင်သောမျက်နှာတွင်လည်း အပြုံးမှိန်မှိန်လေးတစ်ခုပေါ်လာတော့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...