Uni
=======
Hail The King
အပိုင်း(၁၁၇)သရေ့စ်တိုင်းပြည်မှ လူများတည်းခိုခဲ့သည့် အဆောက်ဦးကို ဘရွတ်နှင့် စစ်သည်များရောက်ရှိလာကြပြီး လျှင်မြန်စွာပင် ချိတ်ပိတ်လိုက်ကြသည်။
ဖှေး မှုခင်းဆရာဝန်တစ်ချို့ကိုလဲ အခင်းဖြစ်ပွားထဲ့သည့်နေရာအား စုံစမ်းရန်အမိန့်ပေးလိုက်သည်။ သူမမြင်လိုက်ရသည့် သဲလွန်စတစ်ခုအားတွေ့ရန်မျှော်လင့်နေ၏။ ဤအလောင်းများကို မကြာမှီအချိန်တွင် မီးသဂြိုလ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ပုပ်ပွလာပြီး ကူးစက်ရောဂါများ ဖြစ်ပွားလာနိုင်သောကြောင့်ပင်။
ဖှေးအား ကူညီပေးခဲ့သည့် ရေကန်တိုင်းပြည်မှ စစ်သည်များကိုလည်း ဤကိစ္စနှင့်ပတ်သက်ပြီး နှုတ်ပိတ်နေကြရန် မင်းသားမိုဒရစ်က အမိန့်ပေးထားသည်။ သို့သော်ဖြစ်ပွားခဲ့သည့်ကိစ္စမှာကြီးမားသောကြောင့် ကြာကြာဖုံးကွယ်နိုင်မည်မဟုတ်ချေ။
ဖှေး ဘတ်စ်နှင့် မင်းသားမိုဒရစ်တို့ ရေကန်တိုင်းပြည်၏တည်းခိုဆောင်သို့ပြန်လာသည့်အချိန်တွင်ဦးအတွင်းမှ ရေကန်တိုင်းပြည်မှ စစ်သည်တစ်ချို့ပြေးထွက်လာပြီး"အရှင့်သား...ဘုရင်အလတ်ဇန္ဒား....ဟားရှ်ဇန်းလို့ခေါ်တဲ့ အကျဥ်းသား..သူသေသွားပြီ..."
သတင်းကြောင့်သူတို့အားလုံး ထိတ်လန့်အံ့သြကုန်ကြသည်။
"သေပြီ...ဟုတ်လား...ဘယ်လိုသေသွားတာတုန်း..."ဖှေး စိတ်ဆိုးစွာမေးလိုက်သည်။
သရေ့စ်တိုင်းပြည်မှ သံတမန်အဖွဲ့တစ်ခုလုံးနအသက်ခံရပြီးနောက်တွင် ဖှေးတွင်ကျန်ရှိနေသည့် တစ်ခုထဲသော သဲလွန်စမှာမြေစွမ်းအင်သုံးစစ်သည်သာကျန်တော့သည်။ ထို့ကြောင့် ဖှေးပြန်ရောက်ရောက်ခြင်း ဟားရှ်ဇန်းအား စစ်ဆေးရန်ကြံစည်နေခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ခုတည်းကျန်ရှိနေသည့်သဲလွန်စမှာ ဤကဲ့သို့အသုံးသက်သွားလိမ့်မည်ဟု မည်သူမျှထင်မထားပေ။
"ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ သူ့ပါးစပ်ထဲမှာ ဝှက်ထားတဲ့ အဆိပ်ဆေးလုံးတစ်ခုရှိတယ်...အရှင်တို့လဲ ထွက်သွားရော သူအဲ့တာကို ဝါးစားလိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုသက်သေသွားတာပဲ..."
စစ်သည်မှာရှင်းပြသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...