Uni
=======
Hail The King
အပိုင်း(၁၀)ပီးရာ့စ်သည် သူ၏ရဲဘော်များအတွက် လှေကားအား အသက်စွန့်ကာ ဖျတ်ဆီးပေးသည့် သူရဲကောင်းဆန်သည့်လုပ်ရပ်ကို ဖှေးမြင်ခဲ့ရ၏။ပီးရာ့စ်လုပ်ရပ်များကို အလွန်လေးစားမိ၏။ကံကောင်းထောက်မစွာပင် ပီးရာ့စ်သေခါနီးနောက်ဆုံး စက္ကန့်တွင် ကယ်တင်နိုင်ခဲ့သည်။
"ဝှီး...ဝှစ်...ဝှစ်"
လေးလံသော အသွားနှစ်ဖက်ပါ ပုဆိန်ကြီးအား ကိုင်ဆွဲ၍ သူရောက်သမျှ နေရာရှိရန်သူများအား သုတ်သင်လေသည်။
"တော်တယ် ဆာစစ်သည်။ ကျွန်တော်က ဘုရင့်အစောင့် အဖွဲ့က ဒုတိယခေါင်းဆောင်ပါ။အမောင်ကရော ဘယ်သူလဲ အမောင့်ကိုအရင်က တစ်ခါမှ မမြင်ဖူးပါဘူး။" ဆံပင်အနက်ရောင်နှင့် ခေါင်းဆောင် ဘရွတ် လှမ်းအော်ပြောလိုက်သည်။သူသည် ယခင်က ရန်သူနှင့်ပင် အသဲအသန်တိုက်ခိုက်နေစဲပင်။
စစ်မြေပြင်တွင် မျှော်လင့်မထားသည့် ကယ်တင်ရှင်ရောက်လာပြီးနောက် ချမ်းဘော့ဒ် စစ်သားများ၏ မျှော်လင့်ချက် အလင်းရောင်မှာ ပြန်လည်တောက်ပလာခဲ့သည်။
"ဟားဟား ခင်ဗျားမကြာခင်သိရပါလိမ့်မယ် ခေါင်းဆောင် ဘရွတ်"
ဖှေးသူ၏စစ်သားများကို သူဘယ်သူလဲဆိုတာကို မသိစေချင်သေးပေ။
သူသည် သတ်ဖြတ်ခြင်း နာကျဥ်စွာအော်ဟစ်သံများ သွေးထွက်သံယိုများကို ဒိုင်ယာဘလို ကမ္ဘာထဲတွင် ကျင့်သားရပြီးသားဖြစ်၏။ထိုကမ္ဘာနှစ်ခုမှာ ဖှေးအတွက်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်စရောက်သည့်အချိန်ကတည်းက ဖှေးအတွက် ကျင့်သားရရန်မလိုတော့ပေ တစ်ခါထဲ ဝင်ရောက်တိုက်ခိုက်၏။
ဒါတင်မက ရှေ့မှမြင်ကွင်းများသည် ဖှေးအား စိတ်လှုပ်ရှားစေသည်။
လူတိုင်းငယ်စဥ်အချိန်က မိမိတိုင်းပြည်အားကယ်တင်နိုင်သော လူစွမ်းကောင်းတစ်ယောက်ဖြစ်ရန် အိမ်မက်မက်ဖူးကြလိမ့်မည်ဖြစ်သည်။ယခုအချိန်တွင် ဖှေးသည် သူ၏ ငယ်ဘဝအိမ်မက်အား အကောင်အထည်ဖော်နေ၏။သူ၏ပုဆိန်နှင့် ရန်သူ့အသက်ပေါင်းများစွာ သတ်ခဲ့ပြီးဖြစ်သော်လဲ စာနာစိတ်လုံးဝမဖြစ်ပေါ်ချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...