Uni
======
Hail The King
အပိုင်း(၁၉)"ဟားဟား မှော်ပစ္စည်းနှစ်ခုတောင်ကွ ငါတော့ပွပေါက်တိုးတာပဲ..."
ဖှေး ပစ္စည်းနှစ်ခုအားကောက်ယူလိုက်သည်။ ခေါင်းဆောင်ကြီးအား သတ်ပြီးလျှင် ပစ္စည်းရမည်ဆိုတာသိပြီးဖြစ်သော်လည်း စိတ်မလှုပ်ရှားပဲမနေနိုင်ချေ။ပစ္စည်းနှစ်ခုအား သေချာ စစ်ဆေးကြည့်ရှုနေတုန်းမှာပင် ခေါင်းထဲတွင် အသံတစ်ခုပေါ်လာလေသည်။
"ထွက်ခွာရမည့်အချိန်နီးကပ်လာပါပြီ ကျေးဇူးပြု၍ အသင့်ပြင်ထားပေးပါ။"
ဒီအချိန်တွင်တော့ ဖှေးအား ချက်ချင်းထွက်ခွာမခိုင်းပဲ ကြိုတင်သတိပေးနေခြင်းဖြစ်သည်။
"ငါမင်းကိုစောင့်နေတာကြာပြီ..." ဖှေးတွေးလိုက်သည်။
ဖှေးသည် မကောင်းဆိုးဝါးများကိုတိုက်ခိုက်ရန် အာရုံအပြည့်စိုက်ထားသည်မှာ မှန်သော်လည်း ထိုအသံကိုလဲ သတိထားစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ဖှေးသည် ထိုအခွင့်လမ်းအား ဆုံးရှုံးသွားမှာ ဆိုးသဖြင့်အပေါ်သို့ ကြည့်ကာ အော်ဟစ်လိုက်သည်။ "နေပါဦး ကျွန်တော် တစ်ခုမေးစရာရှိတယ် ကျွန်တော် [သွေးပုလင်း]ကို ကျွန်တော့ကမ္ဘာကိုပြန်ယူသွားချင်လို့ ကျွန်တော်ဆိုလိုချင်တာကိုသိတယ်မလား။ ကျွန်တော် ဘယ်လောက်ပေးရမလဲ...."
သို့သော် အသံမှာချက်ခြင်းပြန်မဖြေချေ။၄စက္ကန့်ထဲတိတ်ဆိတ်နေ၏။ ထိုလေးစက္ကန့်မှာ ဖှေးအတွက် ထာဝရပင်ကြာရှည်နေ၏။
ထို့နောက်ငါးစက္ကန့်ခန့်အကြာတွင် အသံတစ်ခုပေါ်ထွက်လာသည်။
"ယူသွားလို့ရပါတယ် ကျသင့်ငွေက ရွှေဒင်္ဂါး ၃၀၀၀ပါ။ယူသွားဖို့အတွက် အောင်မြင်နိုင်ခြေက 25%ပါ။ ရွှေဒင်္ဂါး မလုံလောက်ပါက ပစ္စည်းရဲ့တန်ဖို့ ၈၀%နဲ့ပေးချေလို့ရပါတယ်.....။လုပ်ဆောင်ရန် သဘောတူပါသလား...10.....9.......8.......7. ...."
"အင်းသဘာတူတယ် သွေးပုလင်းအငယ်စား သုံးခုယူသွားမယ်...."
"ဒင်.... ရွှေဒင်္ဂါး မလုံလောက်ပါ.....ပစ္စည်းနဲ့ပေးချေပါမည်လား.....6.....5......4......"
"သွေးပုလင်းအငယ်စား တစ်ခုပဲ ယူတော့မယ်...."
"ဒင်.... ရွှေဒင်္ဂါး မလုံလောက်ပါ.....ပစ္စည်းလုံလောက်ပါတယ်....လွှဲပြောင်းပေးနေပါပြီ.....လွှဲပြောင်းခြင်းအောင်မြင်ပါသည်....ကစားနိုင်သော အချိန်ပြည့်သွား၍ စတင်ထွက်ခွာနေပါပြီ....."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...