Uni
======
Hail The King
အပိုင်း(၇၈)သို့သော်.......
"ဝှစ်"
ဘရွတ်ဘေးတွက် တိတ်တိတ်ဆိတ်ဆိတ်ရပ်နေသော ပီတာမှာ ဘရွတ် [ဟော့ခ် ဆေးပုလင်း]ကိုမယူရသေးခင် လှမ်းယူလိုက်သည်။ ထို့နောက်တွင် ပုလင်းအဖုံးဖွင့်ကာ တစ်ပုလင်းလုံးသောက်ချလိုက်တော့သည်။
"........"
ဘရွတ် ပျာယာခက်သွားသည်။
ပီတာမှာ လွန်ခဲ့သည့်ဆယ်ရက်ခန့်ကမှ မြေအောက်ရေ သံမဏိအကျဥ်းထောင်မှ ဘုရင့်၏လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဖြစ်သည်။ အကျဥ်ထောင်၏ မှောင်မဲအေးစက်စိုစွတ်သောပတ်ဝန်းကျဥ်အခြေအနေနှင့်၊ နှိပ်စက်ခံခဲ့ရမှုများကြောင့် သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေ၏။ ကြယ်နှစ်လုံးအဆင့်စစ်သည်ကိုကိုယ်စားပြုသော သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အချက်အချာနေရာနှစ်ခုမှာလဲ ပျက်စီးလုနီးနီးဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ကြယ်နှစ်လုံးအဆင့်အတွင်းအားအများစုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အလွန်စွမ်းအားနိမ့်ကျလာခဲ့သည်။ ပြန်လည်လေ့ကျင့်ပြီး ကြယ်နှစ်လုံးအဆင့်စစ်သည်ပြန်ဖြစ်လာစေရန် လုပ်ဆောင်၍ရသော်လည်း အချိန်နှစ်ပေါင်းများစွာထပ်မံကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ပီတာ၏ခန်ဓာကျိုယျမှာ အားအနည်းဆုံးအဖြေအနေသို့ပင်ရောက်ရှိနေ၏။ ဟော့ခ်ဆေးပုလင်း၏ ဘေးထှကျဆျိုးကြျိုးကို မခံနိုင်ပါက အသက်အန္တရာယ်ပါရှိလာနိုင်သည်ဖြစ်သည်။
ပီတာမှာ သူ့အား အန္တရာယ်မဖြစ်စေလို၍ ပုလင်းကိုအရင်ယူပြီး သောက်လိုက်မှန်းဘရွတ်သိ၏။
ဤအချိန်တွင် ဘရွတ်မှာ အလွန်စိတ်လှုပ်ရှားစိုးရိမ်နေပြီဖြစ်သည်။ သူပီတာကို အနီးကပ်စောင့်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ချေ။ ဘရွတ် တစ်စုံတစ်ခုအား မတွေ့လိုက်ရမည်ကို စိုးရိမ်သဖြင့် မျက်တောင်ပင်မခက်ရဲပေ။
တဖက်တွင်ဖှေးမှာ ကြိတ်ရယ်မိနေ၏။
စက္ကန့်အနည်းငယ်ကြာတွင် ဘရွတ်စိုးရိမ်လျှက်ရှိသော ဘေးထွက်ဆိုးကျိုးဟုယူဆရသော အရိပ်အယောင်များကို စတင်တွေ့လိုက်ရတော့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...