Uni
======
Hail The King
အပိုင်း(၁၁၁)ဖှေး ချမ်းဘော့ဒ်မြို့ပြနှင့် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းမှ ပြန်လာသည့်အချိန်တွင် လမ်းပေါ်တွင် လူသိပ်မရှိတော့ချေ။
ဖှေး မဟူရာမုန်တိုင်းဟုသူနာမည်ပေးထားသည့် အမဲရောင်ခွေးကြီးကို စီး၍ နန်းတော်သို့ပြန်လာခဲ့သည်။ ဤအမဲရောင်ခွေးကြီးသည် အလွန်လိမ္မာသည်။ ဖှေးယနေ့ တွင် ဖြစ်သမျှကိစ္စအားလုံးကို ပြန်တွေးနေသည့်အချိန်တွင် ဖြည်းဖြည်းခြင်းလမ်းလျှောက်နေ၏။ ကိစ္စတစ်ခုခြင်းစီကို သေချာပြန်တွေးကြည့်ပြီး သဲလွန်စတစ်ခုခုရှာဖွေရန်ကြိုးစာနေ၏။ သို့သော် တစ်စုံတစ်ရာမှ စဥ်းစားလို့မရချေ။ အမဲရောင်အရိပ်ကြီးတစ်ခုသည် ချမ်းဘော့ဒ်တိုင်းပြည်အား လွှမ်းမိုးထားသည်ဟု ခံစားနေရသည်။ သို့ရာတွင် မည်ကဲ့သို့အန္တရာယ်လာမလဲ အဘယ်ကြောင့် အန္တရာယ်ရှိနေသည်ဆိုသည်ကိုပင် ဖှေးနားမလည်နိုင်ချေ။
ဖှေး မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် ရက်စက်သော သားရဲတစ်ကောင်မှ ပစ်မှတ်ထားခံလိုက်ရသကဲ့သို့ အန္တရာယ်တစ်ခုကိုခံစားလိုက်ရ၏။ သူ၏နောက်ကြောအား ဓားဖြင့်ထောက်ထားသကဲ့သို့ ခံစားချက်ပင်။
"တစ်ယောက်ယောက် ငါ့အနောက်ကနေ လိုက်လာတာလား..."ဖှေးတွေးလိုက်သည်။ သူ၏မျက်နှာတွင် အမူအရာတစ်စုံတစ်ခုမျှမပြချေ။ သူအမဲရောင်ခွေးကြီး၏ ဝမ်းဗိုက်ကို အသာအယာပုတ်လိုက်သည်။
ခွေးကြီးမှာ အလွန်ပင် ဉာဏ်ကောင်းလှသည်။ ဖှေးအားချက်ချင်းနားလည်သွား၏။ ခွေးကြီးသည် ရုတ်တရက်ဦးတည်ရာပြောင်းလိုက်ပြီးလူမရှိသည့် လမ်းကြားတစ်ခုထဲသို့ ဝင်သွားလိုက်သည်။
ဤလမ်းကြားသည် ချမ်းဘော့ဒ်၏အမှိုက်ပုံကဲ့သို့ပင်။ လေထုထဲတွင် အနံ့ဆိုးများဖြင့် ပြည့်နှက်နေပြီး ပိုးဟပ်များ ကြွက်များမှာ နေရာအနှံ့ပင်။ ဖှေး မဟူရာမုန်တိုင်းအပေါ်မှ ခုန်ဆင်းလိုက်ပြီး မဟူရာမုန်တိုင်းဟာ အနည်းငယ်ဝေးသည့်နေရာမှ စောင့်နေရန် အချက်ပြလိုက်သည်။
၁၀စက္ကန့်ခန့်အကြာတွင်...
လမ်းကြားထဲတွင် အဝါရောင်မီးတောက်တစ်ခုတောက်ပလာသည်။ ထိုမီးတောက်တောက်ပနေသောနေရာရှိ နံရံများ မြေပြင်များသည် အရည်ပျော်သွာသကဲ့သို့ဖြစ်ပြီး အထဲမှ အရပ်ရှည်ရှည်ဗလတောင့်တောင့်လူတစ်ယောက်ထွက်လာပြီး ဖှေးအရှေ့တွင်ရပ်လိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...