156

597 56 2
                                    

Uni
======
Hail The King
အပိုင်း(၁၅၆)

ဖှေး သူ၏အရှေ့တွင်ရှိနေသော [စုံလိုက်ပစ္စည်းများ]  ကိုလက်ဖြင့် ညင်သာစွာထိကြည့်လိုက်သည်။

သူ၏လက်ချောင်းများမှ ခံစားနေရသည့် အေးစက်စက်ခံစားချက်မှာ ထိုပစ္စည်းများသည် အစစ်မှန်ဖြစ်ပြီး ပုံရိပ်ယောင်များမဟုတ်ကြောင်းကို ဖော်ပြနေ၏။

ဤသည်မှာ ပစ္စည်းလေးခုပါဝင်သည့် စုံလိုက်ပစ္စည်းများဖြစ်သည်။ အရိုးများဖြင့်ပြုလုပ်ထားသည့် အပြာနုရောင်ရှိသော ထိပ်ချွန်မှော်ဆရာဦးထုပ်တစ်ခု၊ သူ၏ ပုခုံးများမှ ဒူးခေါင်းအထိကာကွယ်ပေးထားသည့် အပြာနုရောင် အနုစိတ်ချပ်ဝတ်တစ်ခု၊ ခြောက်ပေခန့်ရှည်လျားသော အပြာနုရောင်မှော်ကြိမ်လုံးတစ်ချောင်း တို့ဖြစ်ကြသည်။ ထိုကြိမ်လုံး၏ ထိပ်တွင် စက်လုံးပုံသဏ္ဍာန်ရှိ မှော်တလင်းကျောက်တစ်ခုပါရှိသည်။ နောက်ဆုံး ပစ္စည်းမှာ မှော်အဆောင်အယောင်တစ်ခုဖြစ်ပုံရသည်။ အနီရောင်ရှိပြီး လက်တဖဝါးစာခန့်အရွယ်အစားရှိပြီး ကြယ်ငါးလုံးအဆင့်ရှိသည့် မှော်သင်္ကေတများကို ထွင်းထုထားသည်။

ပစ္စည်းလေးခုမှာ တစ်ခုနှင့်တစ်ခုတင်းကြပ်စွာ ပူးကပ်တည်ရှိနေကြပြီး မက်တပ်ရပ်နေသော လူတစ်ယောက်၏ ပုံစံကဲ့သို့ဖြစ်နေ၏။ စွမ်းအားမြင့်သော မှော်စွမ်းအင်အရှိန်ဝါများသည် ပစ္စည်းများမှ တရိပ်တရိပ်တောက်ပနေသည်။

ပစ္စည်းများမှာ လက်ရှိတွင် မစစ်ဆေးရသေးချေ။

သို့သော် ဖှေးမှာ ထိုပစ္စည်းများအားအလွန်စိတ်ဝင်စားနေပြီဖြစ်၍ သူပုန်စခန်းသို့ပြန်ကာ အဖိုးကြီးကိန်းအလကားစစ်ဆေးပေးမည့်အချိန်ကို မစောင့်နိုင်တော့ချေ။ [စစ်ဆေးစာလိပ်]လေးခုအား အသုံးပြုလိုက်ပြီး ဤပစ္စည်းများ၏ ပုံးကွယ်နေသော ဂုဏ်သတ္တိများကို ကြည့်ရှုလိုက်တော့သည်။

ကြိမ်လုံး၏ နာမည်မှာ [အာကန်နာ မရဏကြိမ်လုံး]ဖြစ်သည်။

လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ အသုံးပြုရသည့် လက်နက်တစ်ခုဖြစ်သည်။

ထိုခိုက်စေနိုင်မှု: 12-18
အကြမ်းခံနိုင်မှု: 50/50
လယ်ဗယ်လိုအပ်ချက်: လယ်ဗယ်15
ထူးခြားဂုဏ်သတ္တိများ: မှော်ဆရာ၏အစွမ်းများအားလုံးအား လယ်ဗယ် +1တိုးမြင့်စေခြင်း၊ တစ်ချက်ထဲဖြင့် သေစေနိုင်သည့်အခွင့်ရေး+25%၊ မသေမျိုးမကောင်းဆိုးဝါးများအား ပိုမိုထိခိုက်စေနိုင်မှု+50%၊ မန်နာပြန်လည်ပြည့်ဝနှုန်း+5၊ +50မန်နာ

Hail the king(1-200)Where stories live. Discover now