Uni
=====
Hail The King
အပိုင်း(၁၀၅)"အဲ့မင်းသမီးက ထပ်ပြီးမစောင့်နိုင်တော့လို့ ငါ့ကိုအရင်ဖိတ်ခေါ်ဖို့ဆုံးဖြတ်လိုက်တာထင်တယ်...."ဖှေး ပျော်ရွှင်သွားသည်။
ထိုအချိန်တွင် သူ၏ဘေးတွင်ရှိသော ယောက်ခမလောင်းကြီး ဘတ်စ်လည်း မက်တပ်ထရပ်လိုက်သည်။ ထိုအခိုက်တန့်တွင် ဘတျဈသညျလုံးဝပုံစံပွောငျးလဲသှားသကဲ့သျို့ပငျ။ သူ၏ဒေါသများလည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ခြေတုံးလုံးနှင့် တစ်ကိုယ်လုံးဖုန်များပေကျံနေစဲဖြစ်သော်လည်း သူ၏ အမူအယာများပြောင်းလဲသွားသည်။ ခန့်ညားပြီး နန်းဆန်သောအမူအယာမှာ သူ၏မျက်နှာပေါ်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်တွင် လေးလေးနက်နက်ဆင်ခြင်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပြီး "အလတ်ဇန္ဒား မင်းသမီးနဲ့သွားတွေ့သင့်တယ်....မင်းရဲ့ ထီးနန်းမြှောက်ပွဲက သုံးရက်လောက်ပဲလိုတော့တယ်...မင်း မင်းသမီးမကျေနပ်အောင် မလုပ်လိုက်မိစေနဲ့....အဲ့လျျိုမဟုတျဘူးဆို အရာအားလုံးရှုပ်ထွေးလာလိမ့်မယ်....."
ဖှေး ခေါင်းငြိမ့်ပြလိုက်သည်။
သူ နန်းတော်ဆောင်ထဲသို့ ဝင်ရန်ပြင်သည့်အချိန်တွင် အမဲရောင်ခွေးကြီးသည် ဖှေး၏လမ်းသို့ဝင်ပိတ်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမြှီးကို ဝှေ့ယမ်းနေသည်။ ကြည့်ရသည့်ပုံအရ ဖှေးအား သူ၏နောက်ကြောပေါ်တွင် တက်စီးစေချင်ပုံရသည်။
ပတ်ပတ်လည်ရှိ လူများအားလုံး ကြက်သေသေကုန်ကြတော့သည်။
ဤအမဲရောင်ခွေးကြီးမှာ အရွယ်အစားအရရော ခွန်အား အရပါ သာမန်မြင်းတစ်ကောင်ထက်သာလွန်၏။ ထို့ကြောင့် ခွေးနက်ကြီးကို စီးနှင်းရန်ရွေးချယ်မှုမှာ သင့်လျှော်သည့် ရွေးချယ်မှုမျိုးဖြစ်သည်။ သို့သော်.... ပြသနာတစ်ခုရှိသည်မှာ ဖှေးသည် တိုင်းပြည်၏ ဂုဏ်သရေရှိဘုရင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် ခွေးနက်ကြီးအား စီးနင်းပါက သူ့အားဘာဖြစ်စေနိုင်မည်နည်း။ ခွေးစီးသူရဲကောင်းလား.......
သို့သော် ဖှေးမှာ မတွံဆုတ်ပေ။
သူရယ်မောပြီး အမဲရောင်ခွေးကြီး၏ ကြောပေါ်သို့ခုန်တက်လိုက်သည်။ ခွေးကြီးမှာ သဘာဝလွန်စွာဖြင့် ဖှေး၏စိတ်ကိုနားလည်နိုင်သည့်ပုံရှိသည်။ ဘုရင်နန်းတော်ဆောင်သို့ဦးတည်ကာ အားအင်ပြည့်ဝစွာဖြင့် ထွက်ခွာသွားတော့သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...