112

592 73 1
                                    

Uni
=======
Hail The King
အပိုင်း(၁၁၂)

ဟားရှ်ဇန်း ရေခဲသေတ္တာထဲရောက်နေသလို ခံစားနေရ၏။

ဖြစ်ပျက်သွားသည်များကို သူမယုံနိုင်သေးပေ။ သူ၍မျက်လုံးများသည် အပြင်သို့ထွက်ကျတော့ မတတ်ပင် ပြူးကျယ်နေ၏။ ယခင်ကမရပ်တံ့နိုင်သော ဒေါသစိတ်များမှာ ယခုအချိန်တွက် နက်ရှိုင်းသော အကြောက်တရားများအဖြစ်သို့ပျောင်းလဲသွားတော့သည်။

"ဘယ်လို...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ဟားရှ်ဇန်းသည် မြေအတွင်းအားဂုဏ်သတ္တိရှိကျင့်စဥ်ကို အထူးလေ့ကျင့်သင်ကြားခဲ့သူဖြစ်သည်။ မြေအတွင်းအားစစ်သည်များသည် ခွန်အားနှင့် ခုခံကာကွယ်နိုင်မှုမှာ ၄င်းတို့၏ အားသာချက်ဖြစ်သည်။ သူတို့သည့် ကမ္ဘာမြေကဲ့သို့ ကျစ်လစ်သန်မာသည့်အတွက်ကြောင့် လူသိများသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ အဆင့်တူ ကျန်ဂုဏ်သတ္တိရှိစစ်သည်များထက် ပို၍မာကြောသန်မာသည်။ ထို့ကြောင့်ပင် သူသည်လက်သီးကိုအသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အေးစက်မာကြောသော အမှန်တရားမှာ သူ၏ယုံကြည်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။

သူ၏အရှေ့တွင်ရှိသောဘုရင်ငယ်လေးသည် ကြယ်လေးလုံးအဆင့်စစ်သည် ဂုဏ်ယူရသည့် မြေစွမ်းအင်များကို သာမန်လက်သီးချက်ဖြင့် ကွဲအက်စေခဲ့သည်။ ထို့နောက်တွင် အမည်မသိ ရက်စက်သည့်အတွင်းအားတစ်ခုသည် သူ၏ လက်မောင်းအတွင်းသို့ဝင်လာခဲ့ပြီး အတွင်းရှိအရိုးများအားလုံးကို ကျိုးကြေသွားစေသည်။

"ဘာလို့လဲ...သူက ကြယ်ငါးလုံးအဆင့်တောင်ရောက်နေပြီလား..."

သူ၏ယုံကြည်ချက်များ တစ်စစီပြိုကွဲသွားရန်မှာ အချိန်သိပ်မလိုလိုက်ချေ။ သူ၏မာနနှင့် သူအားကိုးသည်အရာတို့ ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် စွမ်းအားခြင်းကွာခြားမှုမှာ ဟားရှ်ဇန်းအား ထိတ်လန့်တုန်လှုပ်စေသည်။ သူ့တွင် ဆက်လက်တိုက်ခိုက်လိုစိတ်လုံးဝမရှိတော့ချေ။ ပထမတိုက်ခိုက်မှုမှ လွှင့်ထွက်သွားအပြီးမြေပေါ်သို့ပြန်အကျတွင် သူ့တွင်ကျန်ရှိနေသော အတွင်းအားအကုန်လုံးကို အသုံးပြုလိုက်ရာလမ်းကြားထဲတွင် အဝါရောင်အလင်းများထက်မံတောက်ပသွားတော့သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ရွံ့ကဲ့သို့အရည်ပျော်ကျသွားပြီး မြေကြီးထဲသို့ ငုပ်လျိုးပျောက်ကွယ်သွားတော့သည်။

Hail the king(1-200)Where stories live. Discover now