Uni
======
Hail The King
အပိုင်း(၁၄၂)မင်းသမီးနှင့် ပဲရစ်တို့နှစ်ဦးလုံး ချမ်းဘော့ဒ်ကဲ့သို့ ဝေးလှံခေါင်ဖျားသည့် တိုင်းပြည်ငယ်လေးအား သူတို့နှစ်ယောက်၏ စစ်တလင်းပြင်အဖြစ် တိုင်ပင်ခြင်းမရှိပဲ ရွေးချယ်ခဲ့ကြသည်။ တိုင်းသူပြည်သားများနှင့် ဘုရင်ဖြစ်သူတို့အား အစီစဥ်ထဲတွင် ထည့်သွင်း၍ပင် မစဥ်းစားခဲ့ကြချေ။ သူတို့၏ မျက်လုံးထဲတွင် ဤလူများသည် ပုရွတ်ဆိတ်များကဲ့သို့ပင် အရေးမပါသောကြောင့်ပင်။ သူတို့၏ နောက်လိုက်များကပင် ချမ်းဘော့ဒ်အား တိုင်းပြည်တစ်ပြည်အနေဖြင့် ဂရုမစိုက်ကြချေ။ ဇီးနစ်အင်ပါယာပိုင်သော မြေကွက်တစ်ခုအနေဖြင့်သာ တွေးထားကြ၏။ ဖှေး နှင့် သူ၏ လူများအား လေးစားမှုတစက်မျှမရှိပေ။
လူအများ၏ စိတ်ထဲတွင် ချမ်းဘော့ဒ်သည် စစ်မြေပြင်အဖြစ်သို့ရွေးချယ်ခံလိုက်ရစဥ်ကတည်းက တိုင်းပြည်နှင့် ဘုရင်အလတ်ဇန္ဒားတို့သည့် အဖြစ်ဆိုးသော ဟာသတစ်ပုဒ်ကဲ့သို့ပင်။ နိုင်ငံ၏ ကံကြမ္မာမှာ ရှုံးနှိမ့်သည့် အဖွဲ့နှင့်အတူ ပျက်စီးရန်ဖြစ်သည်။
နိုင်ရာစားလောကကြီးထဲတွင် မည်သူမျှ အားနည်းသူများ၏ ငိုကြွေးသံများကို ဂရုမစိုက်ကြချေ။
အားနည်းပြီး စွမ်းအားကင်းမဲ့သူများဟု သူတို့ခေါင်းစဥ်တပ်ခဲ့ကြသော အဖွဲ့သည် မငိုကြွေးခဲ့ကြချေ။ ထိုအစား သူတို့၏ ညစ်ပတ်နေသော ခေလက်များကို အသုံးပြုကာမာနထောင်လွှားနေသူများ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့ကြသည်။ ထိုသူများအား ချက်ချင်းပင် အရှက်တရားနှင့် ထိတ်လန့်မှုများကို မျိုသိပ်စေခဲ့သည်။
ဘယ်သူက လူပျက်လဲ.....
သူတို့၏ အရှေ့တွင်ရပ်နေသော ဘုရင်ငယ်လေးမဟုတ်သည်မှာတော့ အသေချာပင်။
ဘယ်သူက ထိန်းချုပ်သူလဲ.....
သူတို့ကိုယ်သူတို့ ထင်ထားခဲ့သလို သူတို့မဟုတ်တော့သည်မှာ သေချာ၏။
မနက်ခင်း နေလုံးကြီးမှာ အနီရောင်အဖြစ်သို့ပင် ပြောင်းလဲလာနေသည်။ အရှေ့ဘက်တောင်ထိပ်သည် မည်သည့်အချိန်ကမှ ဤကဲ့သို့အေးစက်ခဲ့ခြင်းမရှိပေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...