132

593 61 1
                                    

Uni
=======
Hail The King
အပိုင်း(၁၃၂)

တောင်ထိပ်ရှိ လူများတွင်အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။ လက်မောင်းတွင် အနီရောင်အဝတ်စများပတ်ထားသည့်လူများမှာ ဤကိစ္စဖြစ်မည်ကိုကြိုသိပြီး ပါဝင်ရန်စောင့်စားနေကြသည့် ကြံရာပါများပင်။ ထိုသူများမှာ ရုတ်တရက်အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ကြပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အသာစီးရလာကြတော့သည်။

ဤနေရာသို့ ရိုးရိုးသားသားပင်ဖှေးအား ထီးနန်မြှောက်ပွဲအတွက် ဂုဏ်ပြုရန်ရောက်လာကြသည့် မငျးသာားမိုဒရကျကဲ့သို့ သံတမန်များမှာမူ အလစ်ငိုက်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ သူတို့ထဲမှ တစ်ဝက်ကျော်ခန့်မှာ စပိုင်း၌ပင်တစ်ဝက်ကျော်ခန့် ဒဏ်ရာရသေဆုံးကုန်ကြ၏။ သူတို့အားလုံးတင်းတင်းကြပ်ကြပ် စုစည်းလိုက်ကြပြီး မိမိကိုယ်မိမိခုခံနိုင်ရန်အတွက် ရုန်းကန်နေကြသည်။ သို့သော် ထိုလူများမှာ ပင်လယ်ပြင်ထဲတွင် အချိန်မရွေးနစ်မြုပ်သွားနိုင်သည့် လှေငယ်လေးကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့နေရ၏။

ဖှေး ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ပြီး ဖွဈပကြျနသေညျမြားကျု နားလည်သွားသည်။

ထီးနန်းမြှင့်တင်ခြင်းအခမ်းနားမှာ အာဏာလုကြသည့် စစ်မြေပြင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ ဤသည်မှာ သူယခင်ကတည်းက အာရုံရနေသည့် အန္တရာယ်တစ်ခုဖြစ်သည်။ ဤကိစ္စမှာ ချမ်းဘော့ဒ်နှင့် လုံးဝမသက်ဆိုင်သော်လည်း ချမ်းဘော့ဒ်၏ ကံကြမ္မာမှာ ယခင်ကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။

"မင်း ဘာတွေတွံ့ဆုတ်နေတာလဲ ဘုရင်လေး...."
သွေးများ အော်ဟစ်သံများသည် သူမနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ပင် ပဲရစ် ဖှေးအားပြုံးပြလိုက်သည်။ "လာပြီး အသနားခံ ဒီနားလာပြီး ဒူးထောက်လိုက် ငါမင်းကိုတကယ်လွှတ်ပေးမယ်...."

ဖှေး အန်ဂျယ်လာအားကြည့်လိုက်သည်။

အန်ဂျယ်လာသည် သဲမုန်တိုင်းကြားမှ အထီးကျန်နေသာ ကြာပွင့်လေးတစ်ခုကဲ့သို့ပင်။ သူမမှာအနည်းငယ်ဖြူဖက်ဖြူရော်ဖြစ်နေသော်လည်း သူမ၏မျက်နှာတွင် ကြောက်ရွံ့နေသည့် အမူအယာတစ်စက်မှမရှိချေ။ သူမ၏ ကောင်းကင်ပြာရောင်ဝတ်စုံမှာ လေထုနှင့်အတူလွှင့်လာသည့် သွေးများဖုန်မှုန့်များ စွန်းထင်းသဖြင့် အညိုရောင်အဖြစ်သို့ပင် ပြောင်းလဲသွားပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now