Uni
======
Hail The King
အပိုင်း(၁၀၄)"ဒီဆရာက အတော်အစွမ်းထက်ပုံရတယ်......ကျွန်တော်မယှဥ်နိုင်ကောင်း မယှဥ်နိုင်ဘူး.......သူ့ရဲ့နောက်ကြောင်းကို စုံစမ်းပြီးပြီဆိုရင် ဆရာကြီး ဒီကိစ္စကို တာဝန်ယူဖြေရှင်းပေးနိုင်မလား...." အိုဘီနာ အသေချာစဥ်းစားပြီး ပြောလိုက်သည်။
"ကောင်းပြီ"
စကားကိုတိုတိုပြတ်ပြတ်ပြောပြီးနောက်တွင်ဘထူးဆန်းသည့်အဖြူရောင်ဝတ်ရုံနှငွ လူမှာ လေထုထဲတွင် ထက်မံ၍ပျောက်ကွယ်သွားတော့သည်။ သူနှင့်အတူပါလာသည့် စွမ်းအားကြီးအရှိန်အဝါများပင် သဲလွန်စတစ်စုံတစ်ရာမကျန်ခဲ့ပဲ ကွယ်ပျောက်သွားတော့သည်။
ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ယောင်ဖျောက် သိုင်းပညာပင်။
...........
ချမ်းဘော့ဒ်မြို့ဘုရားကျောင်းအနောက်ဘက် ဥယျာဉ်ထဲတွင်ဖြစ်သည်။
ဆံပင်ရွှေရောင်နှင့် ငယ်ရွယ်သည့်ကောင်လေးသည်လည်း ဤလေပေါ်တွင်ဖြတ်သန်းသွားသည့် ကြီးမားသည့်စွမ်းအင်များနှင့် ပုံရိပ်ကို သတိထားမိလိုက်သည်။ "ဒါဘယ်သူများပါလိမ့်........အဲ့လူက ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွေစီကနေလာတာပဲ......မဟုတ်မှလွဲရော......."
ဤအတွေးသည် ရွှေရောင်ဆံပင်နှင့် ခပ်ဖြောင့်ဖြောင့်ကောင်လေးကို ထိတ်လန့်အံ့သြစေသည်။
ထိုကောင်လေးမှာ ဆုံးဖြတ်ချက်တစ်ခုချနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။
............
ချမ်းဘော့ဒ်မြို့ထဲတွင် စည်စည်ကားကားရှိနေဆဲပင်.....
သို့သော် ကျရောက်လာတော့မည့် မုန်တိုင်းမှာ လျို့ဝှက်စွာဖြင့် ဟန်ပြင်နေပြီဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် လေပေါ်တွင်လျှင်မြန်စွာ ပျံသန်း၍ နန်းတော်ထံသို့ဦးတည်သွားနေသည်မှာ ဖှေးပင်ဖြစ်သည်။ ဘတ်စ်ဒဏ်ရာရသွားသည်ကိုကြားသော်အခါ ဖှေး တိုးရီစ်၏ လျှောက်တင်ချက်ကိုပင် ဆုံးအောင်နားမထောင်တော့ပဲ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းကာ အတွင်းအားကုန်မည်ကိုပင် ဂရုမစိုက်တော့ပဲ လူရိုင်းဇာတ်ကောင်၏အစွမ်း [ခုန်ကျော်ခြင်း]ကို အဆက်မပြတ်သုံးကာ မြေအောက်လိုဏ်ဂူမှာ နန်းတော်ထံသို့ထွက်လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...