Uni
======
Hail The King
အပိုင်း(၃၇)"ရှီး"
အရိုးစုမှာ တုန်ခါသွားသည်။ထို့နောက်တွင် အဖြူရောင်အရိုးများသည် အစိမ်းပုတ်ရောင်အဖြစ်ပြောင်းသွားကာ တဖြည်းဖြည်းပျက်စီးသွားတော့သည်။ မုန်တိုင်းဆေဘာဓား၏ အဆိပ်ဖြင့် ထိခိုက်စေနိုင်ခြင်း ဂုဏ်သတ္တိကြောင့်ပင်ဖြစ်သည်။ထို့ပြင် သေရာမှပြန်ထလာသည့်အမျိုးအစားဖြစ်သော မကောင်းဆိုးဝါး များအပေါ်တွင် ပို၍ ထိခိုက်စေနိုင်သော ဂုဏ်သတ္တိကြောင့် အရိုးခြောက်များသည် ဖှေးအား နာကျင်စေရန် အခွင့်အရေးပင်မရချေ။
ဖှေးသူ၏ဓားအသစ်ဖြင့် အရိုးစုများကို အားရပါရခုတ်ပိုင်းနေစဥ်တွင် အဝေးမှလေးသည်တော် အရိုးခြောက်များမှ စတင်တိုက်ခိုက်လာပြီဖြစ်သည်။
"ဝှစ် ဝှစ် ဝှစ်"
မြှားများကိုပစ်လွှတ်လိုက်ကြသည်။ ထိုမြှားများက ကောင်းကင်ပေါ်မှ မိုးရွာကျလာသကဲ့သို့ ဖှေးထံ ဦးတည်၍ကျလာခဲ့သည်။
ဖှေး သူ၏ အာဇူရာဒိုင်းအား ကိုင်မြှောက်ပြီး ကာကွယ်လိုက်သည်။ဖှေး၏ အကြံအစီမှာ အရိုးစုလေးသည်တော်များအား လူကွဲအောင်ပြုလုပ်ပြီး တစ်ကောင်ခြင်း သတ်ဖြတ်ရန်ဖြစ်သည်။
သို့သော်.......
"ဝှစ် ဝှစ် ဝှစ် ဝှစ်"
ဖှေးအနောက်မှ အပြာရောင်ရေခဲမြှားများ ပျံထွက်လာပြီး အရိုးစုအားသွားမှန်သည်။ဖှေးလှည့်ကြည့်ရာ အယ်လီနာသည် သူ၏ ညွှန်ကြားချက်များကိုမလိုက်နာပဲ ရှေ့သို့တက်ကာ ပြန်လည်တိုက်ခိုက်နေသည်ကိုတွေ့လိုက်ရသည်။
"သေစမ်း" ဖှေး သူတို့ဒုက္ခရောက်တော့မည်မှန်းသိလိုက်၏။
ဤသည်မှာ အယ်လီနာသည် ဖှေးပြောစကားအား ပထမဦးဆုံးအကြိမ်နားမထောင်ခြင်းဖြစ်သည်။ ထရစ်စတမ်ရှိ ပုန်းကွယ်နေသော အန္တရာယ်များကို အယ်လီနာသိဟန်မရှိပေ။အယ်လီနာထိုကဲ့သို့ဆက်လက်တိုက်ခိုက်နေပါက အရိုးခြောက်များအားလုံးအား ရှင်းလင်းနိုင်မည်မဟုတ်ပဲ ဖှေးနှင့် သူမကိုယ်သူမ အန္တရာယ်ထဲသို့ ကျရောက်စေမည်ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...