Uni
======
Hail The King
အပိုင်း(၄၃)ဖှေးကိုယ်တိုင်လဲ သူသည် လူအများ၏ အာရုံစိုက်မှုအား ရရှိနေကြောင်းသတိထားမိသည်။စိတ်လှုပ်ရှားနေကြသော စစ်သားများနှင့် လူငယ်များကို ညင်သာစွာပြုံးပြပြီး စိတ်အေးလက်အေးဖြစ်စေရန်အားပေးသည်။ ထို့နောက်တွင် ပီးရာ့စ်နှင့် ဘရွတ်တို့နှစ်ယောက်အား လှမ်းခေါ်လိုက်သည်။သူ၏ အာရုံစိုက်မှုရရှိရန်ကြိုးစားနေသော အိုလတ်ဂ်နှင့်တကွ မလှမ်းကမ်းတွင်ရှိနေသာ ဝန်ကြီးချုပ် ဘစ်ဇားတို့ကို ဖှေး အရေးပင်မလုပ်ချေ။အိုလတ်ဂ်နှင့် ဘစ်ဇားအပေါ်တွင် ဘုရင်က ယုံကြည်နှစ်ခြိုက်မှု မရှိတော့သည်မှာ ထင်ရှား၏။
"ဘရွတ်ငါ့ကို ရန်သူရဲ့လှုပ်ရှားမှု အခြေအနေတွေကို ပြောပြပါဦး။"ဖှေး ဇူလီမြစ်တံတားပေါ်ရှိ ရန်သူအုပ်စု၏ အခြေအနေအား လှမ်းကြည့်ရင်း မေးလိုက်သည်။ခံတပ်နံရံ၏ ဓားရာလှံရာထို့ဖြင့်ပြည့်နှက်နေသော တံတိုင်းအား ကိုင်တွယ်ကြည့်ရင်း ဖှေးရပ်နေလေ၏။
"အရှင်မင်းကြီးအနားယူနေခဲ့တဲ့ လွန်ခဲ့တဲ့၄နာရီလုံးလုံးမှာ ရန်သူ့ဘက်က လှုပ်ရှားမှုလုံးဝမရှိသေးပါဘူး....အကြောင်းတစ်ခုခုကြောင့်နေမယ်။ တိုက်ခိုက်သယောင်တောင်မပြဘူးဗျ။ သူတို့တွေတစ်ခုခုကိုစောင့်နေကြသလိုပဲ....ဒါပေမယ့်......."
ဘရွတ်ရန်သူများ၏ အနောက်ကို ညွှန်ပြလိုက်သည်။ဘရွတ်၏ အသံသည်စိုးရိမ်ခြင်းများဖြင့် ပြည့်နှက်နေ၏။
"သူတို့တွေ လှေကားကြီးသုံးခုနဲ့ တစ်ခြားကိရိယာတွေကို လဲတံတားပေါ်ထိယူလာခဲ့ပြီးသွားပြီ။သူတို့တွေဘက်ကအကုန်ပြင်ဆင်ပြီးနေပြီ အရှင်မင်းကြီး။ စစ်သားအရေအတွက်ကလဲ အရင်တစ်ခေါက်က တိုက်ပွဲတုန်းကထက် ပိုများတယ်။ သူတို့တွေအခုချိန်မှာ ဝင်သိမ်းမယ်ဆိုရင် ကျွန်တော်တို့အတွက် အတော်အန္တရာယ်များနိုင်တယ်။"ဖှေး ဘရွတ်ညွှန်ပြသော နေရာသို့ကြည့်လိုက်ကာတွင် ရန်သူ၏ ဖွဲ့စည်းပုံမှာ အရင်ကနှင့်မတူပဲ ပြောင်းလဲသွားကြောင်းတွေ့ရသည်။
အရှေ့မှ ဒိုင်းအကြီးကြီးများကိုင်ပြီး အနောက်မှစစ်သည်များကို မြှားဒဏ်မှကာကွယ်ရန်အဖွဲ့မှာတော့ ရှေ့ဆုံးမှာ ရှိနေတုန်းပင်။သို့သော်ထိုအဖွဲ့၏ အနောက်မှ ဖွဲ့စည်းပုံမှာ ယခင်နှင့်လုံးဝမတူတော့ချေ။လေးသည်တော်များ ဓားသမားလှံသမားများသည် အနောက်သို့ဆုတ်ခွာသွားကြပြီး ထိုသူများ၏နေရာတွင် လှေကားကြီး၃ခုရောက်ရှိနေသည်။ထိုလှေကားများအနောက်တွင် မြှားဒဏ်ကာကွယ်ရန် သစ်သားဖြင့်ပြုလုပ်ထားသည့် နံရံ၅ခု ရှိနေသည်။ ဟိုးအနောက်တွင် ပို၍သန်မာသည့်ပုံရသည့် စစ်သားများက ဝန်းရံကာကွယ်ထားသော ၆၇ပေအမြင့်ရှိ ကျောက်တုံးပစ် လောက်လွှဲကြီး၆ခုလဲရှိနေသေးသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...