Uni
======
Hail The King
အပိုင်း(၁၀၉)"စောင့်နေ..."
မင်းသမီး၏ လက်ချောင်းများသည် စားပွဲခုံအား အဆက်မပြတ်စည်းချက်ကျကျတီးခေါက်လျှက်ရှိသည်။ "သူငါ့ကို လုပ်မယ်လို့မျှော်လင့်ထားတဲ့ အရာအားလုံးကို ငါလုပ်လိမ့်မယ်...ဒီလိုတိုက်ပွဲအကြောင်းကို သူရောငါရောနှစ်ယောက်လုံး ကောင်းကောင်းသိနေတာပဲ...တစ်ခုစိုးရိမ်တာက ဒီချမ်းဘော့ဒ်မြို့လေးအတွက်ပဲ...ဒီတိုက်ပွဲပြီးသွားရင် ဒီမြို့လေးမြေစာပင်ဖြစ်ပြီး ဘာမှ မယ်မယ်ရရကျန်ခဲ့မှာ မဟုတ်လောက်တော့ဘူး..."
"မစိုးရိမ်ပါနဲ့ မင်းသမီး မာနထောင်လွှားနေတဲ့ဘုရင်က ခုနလေးတင် မင်းသမီးရိုင်းပြသွားသေးတာပဲ...သူ့နိုင်ငံလေးကို ဖျက်ဆီးသလိုဖြစ်သွားရုံလောက်ပဲဆိုတာ သူ့အတွက် ခံသာပါသေးတယ်..."ဇီယျန်မှာ ရေခဲတုံးတစ်ခုကဲ့သို့ပင် အေးစက်နေသည်။ လူများ၏ရှင်သန်ခြင်း သေဆုံးခြင်းအား လုံးဝပင် ဂရုမစိုက်ချေ။ သူမ၏ လက်ထဲတွင်ပင်လျှင်ဆုံးရှုံးသွားသည့် အသက်များများစွာရှိ၏။ ဤ ကစဥ့်ကလျားနိုင်လှသော လောကကြီးထဲတွင် လူ့အသက်တစ်ချောင်းသည် ဖုန်မှုန့်တစ်မှုန်ကဲ့သို့ပင် တန်ဖိုးကင်းမဲ့လှ၏။
"ဒီကိစ္စကို ခနထားလိုက်တော့...မင်းအလုပ်တော်တော်ကြိုးစားပြီးသွားပြီ ဒါကြောင့်သွားနားလို့ရပြီ..ဒီနေ့ကစပြီး [ကောင်းကင်မြင်ကွင်း]ကို အသုံးပြုပြီး ရှာဖွေနေတာကို ရပ်လိုက်လို့ရပြီ..ပြင်ဆင်မှုတွေကိုသေချာလုပ်ထားလိုက် သုံးရက်ကြာတာနဲ့ အရာအားလုံး ရှင်းရှင်းလင်းလင်းပေါ်လာလိမ့်မယ်..."
"ဒါပေမယ့်..."
ဇီယျန်သည် တစ်စုံတစ်ခုကိုပြောချင်နေဆဲပင်ယ သို့သော် မင်းသမီးမှာ မျက်လုံးမှိတ်ကာ လက်ကာပြလိုက်သည်ကို တွေ့လိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။ သူမအရိုသေပေးလိုက်ပြီး လေထဲတွင် ခရမ်းရောင်မီးတောက်တစ်ခုတောက်လောင်လာသည်။ ထို့နောက်တွင် မီးတောက်နှင့်အတူ ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေး ဇီယျန်လဲ ပျောက်ကွယ်သွားတော့သည်။
မင်းသမီး တာနာရှာလည်း မက်တပ်ရပ်လိုက်ပြီး သူမ၏အခန်းထံသို့ လမ်းလျှောက်သွားပြန်သွားတော့သည်။ သို့ရာတွင် သူမ၏လက်ထဲတွင် ကိုင်ဆောင်ယူသွားသော ခရမ်းရောင်ဆေးပုလင်းလေးကို မည်သူမျှ သတိမထားမိလိုက်ကြချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...