Uni
======
Hail The King
အပိုင်း(၁၃၈)ယခင်က လက်မောင်းတွင် အနီရောင်အဝတ်စများပတ်ထားသည့် လူများမှာ စိတ်ဓာတ်ကျနေကြခြင်းဖြစ်သည်။ ယခုအချိန်တွင် သူတို့၏မျက်လုံးများချက်ချင်းပင် တောက်ပလာသည်။ သေခြင်းတရားမှ လွတ်မြောက်လာသဖြင့် စိတ်ကျေနပ်နေကြသည့် အမူအယာကို ဖုံးကွယ်ထားခြင်းမရှိပေ။ ၄င်းတို့၏ ယခင်က ထိတ်လန့်ခြောက်ခြားနေသော အမူအယာများမှာ ယခုအခါတွင် မကောင်းလိုသည့် အပြုံးများဖြင့် အစားထိုးလိုက်ပြီဖြစ်ပြီး သူတို့၏ ခါးများကို မက်လိုက်ကြသည်။
"ဟီးဟီးဟီး အမတော်တာနာရှာ....အမတော် နောက်ဆုံးမှာတော့ တွက်ချက်မှုမှားခဲ့ပြီပေါ့..."
ဤကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီး၏မျက်နှာတွက် မြူဆွယ်ဟန်ရှိသည့်အပြုံးမှာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ယခင်က သူမ၏ ဝမ်းနည်းသည့်အသံနေအသံထား၊ စကားလုံးများမှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း လူအများယခုမှ သိလိုက်ကြတော့သည်။
မင်းသမီးမှာ တိတ်ဆိတ်စွာပင်နေနေ၏။
မင်းသား အာရှဗင်မှာ အသားများတဆက်ဆက်တုန်သည်အထိဒေါသဖြစ်နေသော်လည်း ဘာမှမတက်နိုင်ချေ။ သူ့အား မိုဒရစ်ပေးသွားသည့် ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ တစ်ဖက်တွင်လဲ ခရမ်းရောင်ဝတ်စုံနှင့် ဇီယျန်မှာ သူ၏မျက်လုံးများကို တင်းကြပ်စွာပိတ်ထားသည်။ သူမ၏ နဖူးတွင် ချွေးများဖြင့် စိုရွဲနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ခရမ်းရောင်မီးတောက်များ တဟုန်းဟုန်းတောက်ပနေ၏။ သူမ၏ ခန္ဓာကိုယ်အား အမြန်ကုသနိုင်ရန်အတွက် ကြိုးစားနေပုံရသည်။
"ဟီးဟီးဟီး...သေချာတွေးကြည့်ရင်တော့ ဒါက ကောင်းတဲ့ အံဩစရာလို့ပဲပြောရမှာလေ...ကျွန်မက မင်းသားအာရှဗင်ရဲ့ ညာလက်တစ်ဖက်ဖြစ်နေတဲ့ အမတော် တာနာရှာကိုရှင်းဖို့ပဲ စီစဥ်နေခဲ့တာ အခုလို မင်းသားအာရှဗင်ကိုယ်တိုင်ကိုတောင် ရှင်းဖို့အခွင့်ရေးရလိမ့်မယ်လို့လုံးဝထင်မထားဘူး...ဟားဟား..အရှင့်သား ဒိုမင်ဂူသာ ဒီသတင်းကိုကြားရမယ်ဆိုရင် အတော်ပျော်ရွှင်နေတော့မှာပဲ...."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...