Uni
======
Hail The King
အပိုင်း(၁၄၆)ဖှေး၏ စကားလုံးများသည် ထိုမင်းသားများနှင့် သံတမန်များကို မြေပြင်ပေါ်တွင် ဒူးထောက်လျှက်ဖြစ်သွားစေသည်။
ကံကောင်းထောက်မစွာပင် ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်သည် ဓားမုန်တိုင်းတစ်ခုအသွင်သို့ပြောင်းကာ သူတို့ထံသို့ရောက်ရှိမလာသေးပေ။ ဖှေး ဓားနှစ်လက်နှငွ လုပ်ကြံသမားများကို ညွှန်ပြကာပြောလိုက်သည်။ "ငါခုနကပြောသလိုပင် မင်းတို့ရဲ့လက်နက်တွေကိုအသုံးပြုပြီး ကိုယ့်ကိုယ်ကိုကယ်တင်...နိုင်ရင်အသက်ရှင်မယ် ရှုံးရင်သေမယ်..." ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် ရိပ်ကနဲဖြစ်သွားပြီး ချမ်းဘော့ဒ်မှလူများ၏ အရှေ့တွင်ပြန်ပေါ်လာ၏။ လှပသည့် အမျိုးသမီးကိုယ်ရံတော် အယ်လီနာကိုညွှန်ပြလိုက်ပြီး"မင်းတို့ရင်ဆိုင်ရမှာက သူနဲ့ပဲ..."
ဤသည်မှာ ဖှေးအယ်လီနာအတွက် အခွင့်ရေးတစ်ခု ဖန်တီးပေးနေခြင်းဖြစ်သည်။
သူမကိုလည်း ဖှေးသည် ချမ်းဘော့ဒ်နှင့် ပတ်သက်၍အာဏာတစ်စိတ်တပိုင်းချုပ်ကိုင်ခိုင်းမည်ဖြစ်သဖြင့် ယခင်ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဘတ်စ်၊ ဘရွတ်တို့ရှေ့တွင် သူမ၏ စွမ်းရည်ကို ထုတ်ဖော်ပြသစေလိုသောကြောင့် ဖြစ်သည်။ ဤအချက်သည် သူမအား ချမ်းဘော့ဒ်အဖွဲ့စည်းထဲသို့ ဝင်ရောက်ရန်လွယ်ကူသွားစေမည်ဖြစ်ပြီး လူများ၏ အသိမှတ်ပြုမှုများကို ရရှိစေမည်ဖြစ်သည်။
အယ်လီနာ သူမ၏ လေးရှည်နှင့်အတူ ရှေ့သို့ထှကျလာသညျကျို မြင်ရသည့်အခါတွင် လုပ်ကြံသမားနှစ်ယောက်သည် ဖြေးညင်းစွာအသက်ရှူထုတ်လိုက်ကြသည်။ သူတို့သည် ဘုရင်နှင့် မယှဥ်နိုင်မှန်း သိရှိပြီးဖြစ်သည်။ သို့သော် သူတို့၏ အရှေ့တွင်ရှိသော အမျိုးသမီးမှာထိုမျှ စွမ်းအားကြီးသည့်ပုံမရှိချေ။ သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ပါက အနိုင်ရန်မှာ ခက်ခဲမည်မဟုတ်ပေ။
မကြာမှီအချိန်တွင် တိုက်ပွဲစတင်တော့သည်။
အနည်းငယ်ကြုံးဝါးသံနှင့်အတူ လုပ်ကြံသမားများစတင်လှုပ်ရှားသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...