Uni
=======
Hail The King
အပိုင်း(၆၀) "ဘေးဖယ်မနေရင် မင်းပါသေမယ်"စစ်သည်မှာ အလွန်တရာကြောက်လန့်နေသည်။ သူ၏ ခေါင်းများထူပူနေပြီး ဘာမှမတွေးနိုင် မတုန့်ပြန်နိုင်ချေ။ ဖှေးပြောလိုက်သည့် စကားလုံးတိုင်းသည် သူ၏ခေါင်းတွင်မိုးထားသည့် ဓားများကဲ့သို့ပင် အချိန်မရွေးကိုယ်ပေါ်ပြုတ်ကျလာပြီး တစစီဖြစ်သွားနိုင်သည်။ သူ၏အပေါင်းအပါများ ဓားဒဏ်ရာဖြင့်မြေပေါ်တွင် လူးလိမ့်နေပြီး သေပါရစေဟုပင် အော်ဟစ်နေသံများမှာ သူ့နားထဲမှမထွက်သေးပေ။ မြင်းစစ်သည်မှာ တွန့်ဆုတ်မနေတော့ပဲ ဒူးထောက်ပြီး ဖှေးထံသို့ လေးဘက်ကုန်းသွားကာ ဖှေး၏ ဖိနပ်အား နမ်းလိုက်တော့သည်။
ဖှေး သူ၏ခေါင်းကို ခါရမ်းပြီး နှိမ်လိုက်သည်။ "မင်းလိုမာနထောင်လွှားပြီး၊ သေရမှာတော့ကြောက်တဲ့ကောင်ကို ဘယ်လိုလုပ်သူရဲကောင်းလို့ခေါ်နိုင်မှာလဲကွ....."
"ကျွန်တော်နဲ့ မထိုက်တန်ပါဘူး
..ကျွန်တော်က သူရဲကောင်းဆိုတဲ့ ဂုဏ်နဲ့မထိုက်တန်ပါဘူးအရှင်မင်းကြီး၊ ကျွန်တော်ကသာမန် မြင်းစစ်သည်တစ်ယောက်ပါ....အသက်ချမ်းသာပေးပါအရှင်မင်းကြီး....."စစ်သည်မှာ ဒူးထောက်ပြီး အသဲအသန်ဖြင့် အရိုသေပေး၊ ခယနေ၏။ ယခင်က မာနထောင်လွှားနေခဲ့သောအသွင်များမရှိတော့ပေ။ ယခုအခါတွင် အသက်သာရှင်လိုသည့် တောခွေးတစ်ကောင်ကဲ့သို့ပင်။"ငါမင်းကို မသတ်ဘူး" ဖှေးပြောလိုက်သည်။
"ကျေးဇူးပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးနဲ့ ကြီးမြတ်မှု ကြင်နာပေးမှုတို့အတွက်ကျေးဇူးပါ။ ကျွန်တော်...."စစ်သည်မှာ အံ့သြဝမ်းသာသွားပြီး ဖှေးအား တက်နိုင်သမျှမြှောက်ပင့်တော့သည်။
ဖှေးသူ၏စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။ "မင်းကိုငါကိုယ်တိုင်မသတ်ဘူး....တစ်ယောက်ယောက်က သတ်လိမ့်မယ်....." ဖှေးထိုကဲ့သို့ပြောပြီးသောအခါ လည်ပင်းအားဓားဖြင့်ပိုင်းခံခဲ့ရသော ကောင်လေးအား လက်ယက်ခေါ်လိုက်သည်။ ကောင်လေးမှာ [သွေးပုလင်း အလတ်စား]အစွမ်းကြောင့် အပြည့်အဝ ပြန်လည်သက်သာနေပြီဖြစ်ပြီး အနည်းငယ်မောပန်းနေမှုသာ ကျန်ရှိတော့သည်။ သူသည် လူအုပ်ကြီး၏ အရှေ့တွင် သူ့သူငယ်ချင်းများ၏ အကူအညီဖြင့် ရပ်နေခဲ့ခြင်းဖြစ်သည်။ ဘုရင်အလတ်ဇန္ဒားမှ သူ့အား လက်ယက်ခေါ်သည်ကိုတွေ့သော်အခါ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ဘုရင်ထံသို့အပြေးသွားပြီး အရိုအသေပေး၊ အလေးပြုလိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...