Uni
=====
Hail The King
အပိုင်း(၆၂) "အနာဂတ်အတွက် အစီစဥ်များ"ဖှေး ကြောင်တောင်တောင် အိမ်မက်တစ်ခု မက်ခဲ့သည်။
သူ၏အိမ်မက်ထဲတွင် ဘယ်ကရောက်လာမှန်းမသိသော ရန်သူများမှာ ချမ်းဘော့ဒ်သို့ ကိုလိုနီပျားများကဲ့သို့ ဝင်ရောက်တိုက်ခိုက်နေကြသည်။ ဖှေး သူ၏ပုဆိန်ကြီးအား အသားကုန်ဝှေ့ရမ်းကာ တိုက်ခိုက်နေသော်လည်း ရန်သူအရေအတွက်မှာ များပြားလွန်းလှသည်။ နောက်ဆုံးတွင် သူခြေကုန်လက်ပန်းကျ မောပန်းလာပြီး ရန်သူများမှာ သူ့အား ကြိုးဖြင့်တုတ်ကာ ဖမ်းဆီးလိုက်ကြသည်။ ထို့နောက်တွင် ဘယ်ကရောက်လာမှန်းမသိသော မှော်ဆရာတစ်ဦးမှ ရယ်မောကာ သူ၏ ဖင်အား မီးလုံးဖြင့်ပစ်တော့သည်။
ဖှေး ကြောက်လန့်တကြား ရုန်းကန်ပြီး အိပ်မက်မှနိုးလာခဲ့သည်။
သူမျက်လုံးများဖွင့်လိုက်သည်အချိန်တွင် ဘေးတွင် ရန်သူများ၊ မှော်ဆရာများမရှိချေ။ တကယ်တန်းမှာ ဖှေးအိပ်နေသည်မှာ နေ့လည်ခင်းထိရောက်သွားပြီး ပြတင်းပေါက်မှဝင်လာသည့် ပူပြင်းသောနေရောင်ခြည်မှာ သူ၏ အဝတ်အစားမပါသော တင်ပါးပေါ်တည့်တည့်သို့ ကျရောက်နေသောကြောင့်ဖြစ်သည်။
"သေစမ်း....ဘာတွေဖြစ်နေတာလဲ....ငါ အဝတ်အစားမပါပဲ အိပ်နေခဲ့တာလားဟ......"
ဖှေး ၏စိတ်မှာ ရုတ်တရက်ကြည်လင်သွားပြီဖြစ်ပြီး မူးမိုက်မှုများလည်းမရှိတော့ချေ။ဖှေး သူ၏ခေါင်းကိုကိုင်ပြီး မနေ့ညက ရင်ပြင်ပေါ်တွင် ပြသနာများအပြီးတွင် ဖြစ်ခဲ့သမျှဟာတို့အား မှတ်မိနိုင်ရန်ကြိုးစားနေသည်။ သူ့အားလေးစားနေသော စစ်သားများ၊ မြို့သားများမှ သူ့အားဝိုင်းအုံလာကာ အရက်များဝိုင်းတိုက်ကြတော့သည်ကိုသာ မှတ်မိတော့၏။ ဖှေးမှာ ပွင့်လင်းသောလူတစ်ယောက်ဖြစ်သည်။ စိတ်ပါပါက တိုက်သမျှ အကုန်သောက်မည့် လူစားမျိုးပင်။ ထို့ကြောင့်ပင် အလွန်မူးသွားပြီး ဤကဲ့သို့ အိပ်ရာထဲတွင် အဝတ်မပါပဲ မနက်ခင်းတွင်ထောင်နေတတ်သော ဒုတ်တစ်ချောင်းနှင့်နိုးထလာသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း မမှတ်မိတော့ချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...