2

2K 163 2
                                    

Uni
=====
Hail To The King
အပိုင်း(၂)

အန်ဂျယ်လာသည် အိပ်ရာအစွန်းကို တင်းကြပ်စွာကိုင်ထား၏။သူမ၏မျက်လုံးများမှာ စိုးရိမ်မှုများနှင့်ပြည့်နေပြီး စိတ်ကလဲ ကစဥ့်ကလျားဖြစ်နေလေသည်။

"သနားစရာကောင်းလိုက်တဲ့ အလတ်ဇန်းဒါး။ ပြုတ်ကျတုန်းက ခေါင်းထိမသွားပါစေနဲ့ မျှော်လင့်ရတာပါပဲ။သူကအရင်တုန်းကလဲ ဉာဏ်ကောင်းတဲ့သူမဟုတ်ပေမယ့် အနည်းဆုံးတော့ စကားပြောနိုင်ခဲ့ပါတယ်။"

ထိုအချိန်မှာပဲ အထက်စီးဆန်ပြီး ကျယ်လောင်တဲ့အသံတစ်ခု တံခါးနောက်ကနေ ပေါ်ထွက်လာသည်။

"အလတ်ဇန်းဒါး မင်း ဒဏ်ရာရသွားတယ်လို့ ငါကြားတယ်။ " အမျိုးသမီးနှစ်ယောက်သည် အသံလာရာဘက်သို့လှည့်ကြည့်ကာ နှစ်ဦးလုံးမျက်နှာပျက်သွား၏။အသံက စိုးရိမ်သည်ထက် ပျက်ရယ်ပြုနေသည့်သဖွယ်။

"အားလုံးအဆင်ပြေရဲ့လား။"
ဖှေးမော့ကြည့်လိုက်ရာ သားနားစွာဝတ်စားထားသော ခပ်ဝဝလူတစ်ယောက် နန်းတော်အိပ်ခန်းထဲသို့ဝင်လာသည်ကို တွေ့လိုက်ရ၏။ထိုသူ၏ နှုတ်ခမ်းများမှာ အေးစက်စက်ရယ်လျက်ရှိသည်။

"ဂေးလ် နင်ဒီမှာဘာလုပ်နေတာလဲ။"အန်ဂျယ်လာက ခပ်မာမာမေးလိုက်သည်။ဒီအသစ်ရောက်လာတဲ့ အဝလွန်ပုဂ္ဂိုလ်နဲ့ သူ့ဘေးက အလှပဂေး တို့ကြားက တင်းမာမှုကို ဖှေးခံစားလိုက်ရသည်။

သူတို့နှစ်ယောက် မသင့်မြတ်သည်မှာ ထင်ရှားသည်။

"ဟဟ.... အန်ဂျယ်လာ ငါ့ရဲ့နတ်သမီးလေး မင်းဘာကိုဆိုလိုတာလဲ။ငါက ငါ့ရဲ့ချစ်သူငယ်ချင်း အလတ်ဇန်းဒါး ဒဏ်ရာရသွားတယ်ကြားလို့ စိုးရိမ်ပြီးသတင်းလာမေးတာလေ။ ငါလုပ်တာ ဘာမှားလို့လဲ။"

ခပ်ဝဝလူက လမ်းလျှောက်လာကာ အိပ်ယာပေါ်တို့ တက်ထိုင်လိုက်၏။

"ဂေးလ် နင်ဘာလုပ်တာလဲ။ဘုရင်ရဲ့ အိပ်ရာပေါ်ကိုတက်ထိုင်တာ နင်အတင့်ရဲလှချည်လား။" အမ်မာ စိတ်ဆိုးစွာ ထအော်လေသည်။

ဂေးလ်က အမ်မာကို တစ်ချက်ကြည့်လိုက်၏။သူ့မျက်လုံးတွေထဲမှာ မကောင်းမှုတွေနဲ့ ရမ္မက်တွေပြည့်နပ်နေလေသည်။ထို့နောက်သူ၏ နှုတ်ခမ်းများကို လျှာဖြင့် တစ်ချက် ယှက်ပြီး
"ပါးစပ်ပိတ်ထားစမ်း အစေခံ။မင်းနောက်မှ နောင်တရမယ့်ဟာတွေမပြောမိစေနဲ့။" ထို့နောက်တစ်ဖက်သို့ သာသာယာယာလှည့်ကာ ဖှေးကိုတစ်ချက်ကြည့်လိုက်သည်။မျက်နှာက ဒဏ်ရာရသော သူငယ်ချင်းအတွက် စာနာဟန်မရှိ။ဒဏ်ရာရနေသော တိရိစ္ဆာန်တစ်ကောင်အား အားရကျေနပ်စွာကြည့်နေသလိုပင်။ဖှေးကလည်း ဂေးလ်ကို ပြန်စိုက်ကြည့်နေလေသည်။

Hail the king(1-200)Where stories live. Discover now