Uni
======
Hail The King
အပိုင်း(၈၉)"ဟုတ်ပြီလေ ငါမင်းတို့ကောင်တွေကို ထပ်ပြီးမမြင်ချင်တော့ဘူး....တစ်ယောက်ယောက်ကို ဒဏ်ရာရသွားတဲ့လူတွေကို အိမ်ပြန်လိုက်ပို့ခိုင်းပြီး လျှော်ကြေးငွေပေးလိုက်ကြ။သွားသွာ....ငါ့ရှေ့ကထွက်သွားကြတော့...." ဖှေး သူ၏လက်များကို ယင်ကောင်မောင်းသလိုဝှေ့ရမ်းလိုက်သည်။ သူ၏စိတ်မရှည်သည့်အမူယာမှာလုံးဝထင်ရှားနေသည်။
"ကောင်းပါပီဗျ ဟုတ်ကဲ့ဟုတ်ကဲ့...."
ဇိုလာနှင့် လူစီယာနို ရိုသေစွာဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး ပညာသင်သူတော်စဥ်များနှင့် အခြွေရံမြင်းစစ်သည်များကို အမိန့်ပေးရန်တစ်ဖက်သို့လှည့်လိုက်သည်။ "မင်းတို့ကောင်တွေ မင်းတို့ကြောင့် ဒဏ်ရာရသွားတဲ့ဘုရားသခင်ရဲ့သားတော်သမီးတော်တွေကို အိမ်ပြန်လိုက်ပို့လိုက်ကြ...မင်းတို့ကောင်တွေတော်တော်ကြမ်းသွားခဲ့တာပဲ တစ်ယောက်ကို ရွှေဒင်္ဂါး၁၀စီလျှော်ကြေးပေးလိုက်။ အော် မဟုတ်သေးဘူး ရွှေဒင်္ဂါး၂၀စီပေးလိုက်ကွာ....."
ဒဏ်ရာရနေသူတစ်ချို့မှာ လမ်းကောင်းကောင်းမလျှောက်နိုင်သည်ကို ဇိုလာတွေ့လိုက်ရသောအခါ ချက်ချင်းအမိန့်ပေးလိုက်သည်။ "ငါ့ရထားလုံးကိုသုံးလိုက်.....ငါ့ရထားလုံးကိုအသုံးပြုပြီး သူတို့တွေကို အိမ်ကောင်းကောင်းမွန်မွန်ပြန်ပို့လိုက်ကွာ...."
ပညာသင်သူတော်စဥ်များမှာအလွန်အံ့သြ သွားကြပြီး သူတော်စဥ်ဇိုလာအား ကြောင်ကြည့်နေကြသည်။ သူတို့အားလုံး နားကြားများမှာနေသလားဟုပင်ထင်ရသည်။ ဇိုလာသည် ဤရထားလုံးအားရရန်အတွက် ပိုင်ဆိုင်မှုများစွာအသုံးပြုခဲ့ရပြီး ပုံမှန်စီးနှင်းအသုံးပြုရန်ပင်နှမြောနေခဲ့သည်။ သူကအခုတော့ တကယ်ပဲအခုလိုညစ်ပတ်နေတဲ့သာမန်လူတွေကို အိမ်ပြန်လိုက်ပို့ဖို့အသုံးပြုတော့မှာလား....။
"မင်းတို့ကောင်တွေဘာတွေကြောင်ကြည့်နေကြတာလဲ ငါခိုင်းတာအမြန်လုပ်တော့လေ....."
ဇိုလာ ပညာသင်သူတော်စဥ်များကို အော်ဟစ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာမေးလိုက်သည်။
"အရှင်မင်းကြီး ဘယ်လိုထင်ပါသလဲ....စိတ်ကျေနပ်ပါရဲ့လား....."
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...