125

577 70 3
                                    

Uni
=======
Hail The King
အပိုင်း(၁၂၅) "မရဏထောင်ခြောက်"

အသတ်လတ်ပိုင်းအရွယ်လူ၏ လက်ချောင်းများရုတ်တရက်လှုပ်ခါသွားပြီး သူ၏ပါးစပ်မှ ဂါထာမန္တာန်များစွာကိုရွတ်ဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်များတောက်ပလာပြီး နတ်စဥ်ပတ်ဝန်းကျင်တစ်ခုလုံးပူနွေးလာပြီး အလွန်တောက်ပလွန်းသဖြင့် လူများအားလုံးမကြည့်နိုင်ကြချေ။ မီးဖြင့်ပြုလုပ်ထားသကဲ့သို့ ဓားတစ်ချောင်းသည် ထိုလူ၏လက်ထဲတွင် ပေါ်ပေါက်လာပြီး ဖှေးထံသို့ပြေးဝင်သွားတော့သည်။

အရာအားလုံးသည် မျက်စိတမှိတ်အတွင်းတွင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

နတ်စဥ်ပတ်ဝန်းကျဥ်ရှိလူများ တုန့်ပြန်ရန်ပင်အချိန်မရှိလိုက်ပေ။

ထိုလူမှာ ဖှေးအနောက်သို့ရောက်ရှိနေပြီဖြစ်သည်။ လေထဲတွင် စက်ဝိုင်းခြမ်းသဖွယ်ဝှေ့ရမ်းလာသော ကျစ်ကျစ်တောက်ပူလောင်နေသည့် မီးတောက်ဓားမှာ ဖှေး၏နောက်ကြောပြင်သို့ ကျရောက်တော့မည်ဖြစ်သည်။

သို့သော်....

ဤအခိုက်အတန့်တွင် အခြေအနေမှာပြောင်းလဲသွားသည်။

ဖှေး၏ ခန္ဓာကိုယ်မှာကိုယ်ညာဘက်သို့ အနည်းငယိမ်းယိုင်သွားသည်။ ဤအပြုမူမှာ သတိမထားမိလိုက်ပဲ ပြုမူသည့်ဟန်ရှိသော်လည်း ဖှေးသည် အသတ်အန္တရာယ်ပေးနိုင်သော တိုက်ခိုက်မှုကို ကောင်းမွန်စွာ ရှောင်ရှားလိုက်နိုင်၏။ မီးဓား၏ ခုတ်ပိုင်းမှုမှာ လွဲချော်သွားသည်။

ဤအချိန်ရောက်သည့်အခါမှ တခြားတိုင်းပြည်မှ သံတမန်များသည် ဖြစ်ပျက်နေသည်များကို သဘောပေါက်လာပြီး ထိတ်လန့်သွားကာ ဝရုန်းသုန်းကားဖြစ်ကုန်ကြတော့သည်။

ဒရော့ဂ်ဘာကဲ့သို့ နတ်စဥ်အနီးတွင်ရှိနေသော အစောင့်များမှာ အမြန်ပြေးလာပြီး "ဘုရင်ကိုကာကွယ်ကြ"ဟု အော်လိုက်ကြကာ သူတို့၏ လက်နက်များကိုဆွဲထုတ်လိုက်ကြ၏။ သို့သော် ခြေလှမ်းပေါင်းအနည်းငယ်လှမ်းပြီးနောက်တွင် ဘုရင်မှာ သူတို့်အားလက်လှမ်းပြပြီး မလာကြရန်အချက်ပြနေသည်ကို တွေ့လိုက်ရသည့်အတွက် အံ့သြကာ ရပ်တံ့ကုန်ကြ၏။

Hail the king(1-200)Where stories live. Discover now