Uni
======
Hail The King
အပိုင်း(၁၀၂)အိုလတ်ဂ်သည် ပါးနပ်သည့်လူတစ်ယောက်ဖြစ်သည့်အတွက် အယျလီနာ၏အကွညျ့အဓိပ်ပါယျကို ချက်ချင်းပင်သဘောပေါက်သွားသည်။ သူ၏ နှလုံးသားထဲတွင် ၏အမျိုးသမီးများအားလုံးကို ဖှေး၏ အနာဂတ်ကြင်ဖော်ကြင်ဖက်များအဖြစ် မြင်ယောင်ထားပြီးဖြစ်သည်။ ထို့ကြောင့် တစ်ခြားမည်သူကိုမှ အလတ်ဇန္ဒား၏ အသိကျွမ်းမိန်းကလေးများကို လာရောက်ပိုးပန်းနေခြင်းအား အိုလတ်ဂ်လုံးဝ လက်သင့်မခံနိုင်ပေ။ အိုလတ်ဂ် သူ၏ ပိုက်ဆံအိပ်နှင့် အတူ အရှေ့သို့လမ်းလျှောက်သွားပြီး ငယ်ရွယ်သော ကွေးစားစဈသညျမြားထံသျို့ ကျယ်လောင်စွာအော်ပြောလိုက်သည်။ "ဒီမှော်သားရဲ အကောင်ပေါက်လေးတွေကို ငါတို့စျေးနှစ်ဆပေးပြီး အကုန်ဝယ်မယ်...."
ငယ်ရွယ်သော ခပ်ဖြောင့်ဖြောင့်ယောက်ျား၏ မျက်နှာအမူယာမှာ ချက်ချင်းပင်ပြောင်းလဲသွားသည်။
အဝေးတွင်ရှိနေသော ရွှေရောင်ဆံပင်ရှည်နှင့်ယောက်ျားပင် သူ၏မျက်လုံးထဲတွင် မနှစ်သက်မှုများတစ်ခဏခန့်ပေါ်ပေါက်လာသည်။ သို့သော် သူကောင်းမွန်စွာဖုံးကွယ်လိုက်ပြီး ရယ်မောလိုက်သည်။ "ဒီလိုဆိုရင်လဲ ငါဒီအကောငျလေးတှကျေို အမြိုးသမီးတျို့လကျထဲမှာပဲ ထားခဲ့လိုက်တော့မယ်လေ....ငါ့နာမည်က အိုဘီနာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ ငါချမ်းဘော့ဒ်မှာပဲရှိနေဦးမယ်....ငါတို့နောက်တစ်ကြိမ်ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်......."
ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ သူ၏အစောင့်များနှင့်အတူ ထွက်ခွာသွားတော့သည်။
ရွှေရောင်ဆံပင်ရှည်နှင့် ပုဂ္ဂိုလ်၏အပြုမူမှာ အားလုံးကို အံ့သြလေးစားစေသည်။ သူ၏ အမူအယာများမှာ အေးလည်မအေးစက် နွေးလဲမနွေးထွေးလွန်းပေ။ အယ်လီနာ၏ အခြားအမျိုးသမီးများ၏ စိတ်ထဲတွင် လူကောင်းတစ်ယောက်ဟုသယူဆလိုက်မိကြသည်။
သို့သော် ငယ်ရွယ်သော ခပ်ဖြောင့်ဖြောင့်ယောက်ျားမှာ မေ့ပစ်လိုစိတ်ရှိပုံမရပေ။
သူသည် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်လုံးထဲတွင် သေစေလိုသည့်အကြည့်များ စတင်စီးဆင်းလာသည်။ သူအိုလတ်ဂ်ကို ကြည့်လိုက်သည်။ ထိုနောက်တွင် အိုလတ်ဂ်အနောက်မှ အယျလီနာကျို တစ်ချက်လှမ်းကြည်လိုက်သည်။ သို့သော် မျက်လုံးများသည် အယ်လီနာ၏ နောက်ကြောတွင်လွယ်ထားသည့် လေးကိုတွေ့သောအခါတွင် တဈစုံတဈခုကျိုတှေးလိုကျမိသညျ့အတိုငျး ချက်ချင်းပင်ကျဥ်းမြောင်းသွား၏။ ထို့နောက်တွင် မြေပြင်ပေါ်တွင် သူပစ်ချထားသော ရွှေဒင်္ဂါးပြားများကိုကောက်ယူပြီး ရွှေရောင်ဆံပင်ရှည်နှင့် စစ်သည်အနီးသို့အမြန်ပြေးသွားကာ နားနားကပ်ပြီး တစ်ခုခုပြောကြားလိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...