Uni
======
Hail The King
အပိုင်း(၂၉)"သွားတော့ ငါပြင်ဆင်ခိုင်းထားတဲ့ ရွှေနဲ့ မြင်းတွေသွားယူချေ။"ကွန်းကသည် သူ့ကိုရွယ်ထားသည့် လက်နက်များကြောင့် ကြောက်ရွံ့ကာ ထက်မံအော်ဟစ်လိုက်သည်။
သို့သော်...
"သူ့ကို ဘာမှပေးစရာမလိုဘူး။" ယခင်ကတစ်ချိန်လုံး တိတ်ဆိတ်နေသော ဖှေးမှာ ပြောလိုက်၏။
"မင်းဘာပြောလိုက်တာလဲ။" ကွန်းကမှာ အံ့သြသွား၏။
"ငါပြောတာက မင်းကို ဘယ်ပိုက်ဆံမှပေးစရာမလိုဘူးဆိုတာပဲ။ ဘာလို့လဲဆိုတော့ မင်းအဲ့တာတွေကို သုံးနိုင်တော့မှာမဟုတ်တော့လို့။"ဖှေးမှာ ကလေးတစ်ယောက်ကို ရှင်းပြနေသည့်အတိုင်းပင် စိတ်အေးလက်အေးပြောနေ၏။
ဖှေး၏ စိတ်အေးလက်အေးအပြုမူမှာ ကွန်းကအား ကြောက်လန့်စေသည်။"ဟားဟား ဘာလို့ငါကမသုံးနိုင်တော့မှာလဲ..."
"ဘာလို့လဲဆိုတော့ မင်းသေတော့မှာမို့လို့ပဲကွ"
"ဟမ်...."
ကွန်းက ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် သူ၏ ဝမ်းဗိုက်မှ ပြင်းထန်သော ဝေဒနါအား ခံစားလိုက်ရသည်။ သူ၏ကိုယ်တွင်း ကလီစာများပေါက်ကွဲသွားသကဲ့သို့ပင်။ဖှေး၏လည်ပင်းအား စုပ်ကိုင်ထားသောလက်မှာ ဘာမှမလုပ်နိုင်ခင်မှာပင် ခွန်အားများကုန်ခမ်းသွားပြီး ဖှေး၏ လက်သီးချက်ကြောင့် လေပေါ်မြှောက်တက်သွား၏။
ထိုမြင်ကွင်းကြောင့် လူများပါးစပ်အဟောင်းသား ထက်ဖြစ်ရ၏။
"ဘာတွေဖြစ်သွားတာလဲ။" စစ်သားများ အံ့သြကုန်၏ သူတို့ မြင်ကွင်းထဲတွင် ဓားစာခံယူထားခြင်းခံထားရသော ဘုရင်မှာ လျင်မြန်စွာရွှေ့လျားပြီး ကွန်းက ဝမ်းဗိုက်အား လွယ်ကူစွာ ထိုးနှက်လိုက်ခြင်းပင်။
စက္ကန့်အနည်းငယ် အကြာတွင်..
ကွန်းကအား လွှမ်းခြုံထားသော အနီရောင်မီးတောက်များမှာ ကွယ်ပျောက်သွားပြီဖြစ်ပြီး ကွန်းကမှာလည်း ထိုးလိုက်သော အရှိန်ကြောင့် လေပေါ်သို့မြှောက်တက်သွား၏။
စစ်သားများ အံ့အားသင့်နေခိုက်မှာပင် ဖှေးသည် စစ်သားတစ်ယောက်ထံမှ လှံတစ်ချောင်းအားဆွဲယူပြီး လေပေါ်၌သာ ရှိသေးသော ကွန်းကအား ပစ်ပေါက်လိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...