Uni
=======
Hail The King
အပိုင်း(၁၁၅)"သရေ့စ်တိုင်းပြည်က ဟုတ်လား..."
ဖှေး စိတ်လှုပ်ရှားသွားသည်။ ကြီးမားသည့်အထင်အမြင်လွဲမှုနှင့်အတူ သဲလွန်စမှာပျောက်ကွယ်သွားပြီဟု သူထင်ထားသောကြောင့်ပင်။ သူလျှင်မြန်စွာပင် သေချာအောင်မေးလိုက်သည်။ "အဲ့တာသူဆိုတာ သေချာရဲ့လား မင်းသားမိုဒရစ်..."
"ကျွန်တော်မှားမယ်တော့မထင်ဘူး...ဘာလို့လဲဆိုတော့ သူက အနည်းငယ်သာရှိတဲ့ သရေ့စ်တိုင်းပြည်က ဆရာတွေထဲကတစ်ယောက်ပဲ...သူ့အလုပ်က [သိမ်းငှက်ငါးကောင်]ထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား အိုဘီနာကို ကာကွယ်ဖို့လို့ ကျွန်တော်သိရတယ်...ဘုရင်အလတ်ဇန္ဒား သူက ပြီးခဲ့တဲ့တိုက်ပွဲမှာတုန်းက မြေစွမ်းအင်အတွင်းအားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုရင်တော့လုံးဝမမှားနိုင်ဘူး သူမှသူပဲ..." မင်းသားမိုဒရစ်မှာ သူ၏ရွှေဝိုင်ခွက်ကိုကိုင်လျှက် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။
"ဟားဟား ဟုတ်တယ် ဒီကောင်က မြေစွမ်းအင်အသုံးပြုတဲ့စစ်သည်ပဲ...ကောင်းတယ်..ဟားဟား..."
ဖှေး အလွန်ပျော်ရွှင်သွားသည်။ သူ ဟားရှ်ဇန်းထံသို့ လမ်းလျှောက်သွားပြီး လည်ပင်းမှဆွဲထူခါပါးအားသုံးချက်ခန့်ရိုက်လိုက်သည်။ ဟားရှ်ဇန်း၏ ပါးစပ်မှသွေးများပန်းထွက်လာသည်။ နာကျင်မှုအောင် သတိလစ်နေသော ဟားရှ်ဇန်းမှာနိုးလာခဲ့သည်။ သူလှုပ်ရှားရန်ကြိုးစားကြည့်သောလည်း ခြေလက်များမှနာကျဥ်မှုများကြောင့် မလှုပ်နိုင်တော့ချေ။ အစောင့်များမှာ ဖှေး၏အမိန့်အရ ဟားရှ်ဇန်း၏ ခြေလက်များကိုရိုက်ချိုးထားပြီး သံကြိုးများဖြင့် တင်းကြပ်စွာတုပ်နှောင်ထားသည်။
"ဒါဆို မင်းကိုပို့လိုက်တာ အိုဘီနာပေါ့ဟုတ်လား..."
ဖှေး ဟားရှ်ဇန်းကို လည်ပင်းမှကိုင်ပြီး ကြမ်းကြမ်းတန်းတန်းမေးလိုက်သည်။
ဟားရှ်ဇန်းမှာ သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် သူ၏အခြေအနေကိုကောင်းစွာနားလည်နေပြီဖြစ်သည်။ သူသည်ပြင်းပြင်းထန်ထန်ဒဏ်ရာရနေရုံသာမက သူ့အားတုပ်နှောင်ထားသော သံကြိုးများမှာ အဆင့်မြင့်စစ်သည်များ မှော်ဆရာများကို ချုပ်နှောင်ရန်အတွက် အထူးပြုလုပ်ထားသည့် သံကြိုးများလည်းဖြစ်သည်။ ထို့ကြောင့် ဟားရှ်ဇန်း၏ အစွမ်းအကုန်သုံးနိုင်လျှင်ပင်လျှင် လွတ်မြောက်ရန်မလွယ်ကူချေ။ ထို့အပြင် သူ့အား ဤအခြေအနေရောက်အောင် ရိုက်နှက်ခဲ့သည့် ဖှေးမှာလည်းဘေးတွင်ရှိနေသောကြောင့် လွတ်မြောက်ရန်မှာ လုံးဝပင်မဖြစ်တိုင်တော့ချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...