92

683 85 2
                                    

Uni
=======
Hail The King
အပိုင်း(၉၂) "ငါတို့၏အနာဂတ်များတွင် ရင်နှီးမြုပ်နှံခြင်း"

ဇိုလာ လူစီယာနိုကို နီးကပ်စွာစိုက်ကြည့်ပြီး သူ၏ဦးခေါင်းကိုတည်ငြိမ်စွာခါရမ်းကာ ပြောလိုက်သည်။ "ငါတို့တွေအလတ်ဇန္ဒားက မဟာဘုရားကျောင်းက ရာထူးမြင့်တစ်ယောက်ဟုတ်မဟုတ်မသေချာသေးဘူး....ဒါပေမယ့် သူက ရွှေရောက်တိုက်ပွဲစက်ကွင်း ပိုင်ဆိုင်တဲ့ [ဘုရားသခင်ရဲ့အနှစ်သက်ဆုံး ကလေးငယ်]ဆိုတာကတော့ မျက်မြင်ပဲလေ....အဲ့တာရဲ့အဓိပ်ပါယျက သူက မဟာဘုရားကျောင်းကိုအဖွဲ့ဝင်ဖြစ်လာနိုင်တယ်ဆိုတာပဲ....အဲ့အချိန်ရောက်ရင်လဲ ဌာနချုပ်က ဆရာတွေရဲ့ နှစ်သက်သဘောကျခြင်းခံရမှာပဲ....ပုပ်ရဟန်းမင်းကြီး ဆာဂီကိုယ်တိုင်ကကို သူ့ကိုအလေးပေးလာနိုင်တယ်....မှော်တလင်းကျောက်နဲ့ မှော်စာလိပ်တွေက ဘယ်အချိန်ပြန်ရှာရှာရပါတယ်...ဒါပေမယ့် ဒီလိုအလားအလာအများကြီးရှိတဲ့လူနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာက ငါတို့လိုသာမန်အဆင့်သူတော်စဥ်တွေအတွက်က အင်မတန်ခဲယဥ်းလှတဲ့အခွင့်ရေးပဲကွ....."

လူစီယာနိုမှာ အနည်းငယ်ကြာစဥ်းစားကြည့်လိုက်ပြီး နားလည်သဘောတူသွားတော့သည်။

"ဒါဆို ငါတို့တွေဘာဆက်လုပ်ရမှာလဲ....." သူမေးလိုက်သည်။

"မမေ့လိုက်နဲ့ ငါတို့တွေအလတ်ဇန္ဒားရဲ့အမိန့်မှန်သမျှကို နာခံရမယ်..." ဇိုလာ၏ မျက်လုံးများတောက်ပသွားသည်။ "ဒါက လောင်းကစားလုပ်နေသလိုဆိုပေမယ့်...ငါတို့ဘက်မှာ အားသာချက်တွေအများကြီးရှိတယ်....တကယ်လို့ငါတို့နိုင်သွားပြီဆိုရင် ငါတို့ရဲ့အနာဂတ်တွေလုံးဝမြင့်မားသွားလိမ့်မယ်...ငါတို့တွေ မဟာဘုရားကျောင်းဌာနချုပ်မှာပါ နေရာရလာနိုင်တယ်....ဟီးဟီး...တစ်ဖက်မှာလဲ ငါတို့ရှုံးသွားရင်လဲ ဘာစိုးရိမ်စရာရှိလဲကွာ မှော်တလင်းကျောက်အနည်းငယ်နဲ့ မှော်စာလိပ်တွေပဲရှိတယ် ဒါတွေကမပြောပလောက်ပါဘူး....."

"ဒါဆို ငါတို့ဒီကိစ္စကို ပုပ်ရဟန်းမင်းကြီး ဆာဂီစီသတင်းပို့ဖို့လူတစ်ယောက်လွှတ်လိုက်ရမလား....."

"မလုပ်နဲ့...." ဇိုလာ ထိုအရာကိုကြားသော် ထိတ်လန့်သွားပြီး ခြက်ခြင်းငြင်းဆိုလိုက်သည်။ "အဖိုးကြီးခင်ဗျား မတွေးတတ်ဘူးလားဗျ....အဲ့လိုလုပ်မယ့်အကြံကို ချက်ချင်းခေါင်းထဲကထုတ်ပစ်လိုက်တော့....ခင်ဗျား ဒီကပြန်သွားတာနဲ့ခင်ဗျားရဲ့နောက်လိုက်တွေကို သေချာမှာကြားရမယ်...ဒီအချက်အလက်က လုံးဝအပြင်ကိုပေါက်ကြားလို့မဖြစ်ဘူး....ဒီအချက်လက်ပေါက်ကြားသွားတာနဲ့ ဒီချမ်းဘော့ဒ်ဆိုတဲ့နိုင်ငံငယ်လေးက ချက်ချင်းနာမည်ကြီးလာလိမ့်မယ်....အဲ့ကျရင် ရာထူးကြီးလူတွေရော နာမည်ကြီးလူတွေရော ချမ်းဘော့ဒ်ကို လာရောက်ကြမှာ အဲ့အချိန်ဆိုမင်းရယ်ငါရယ်လို သာမန်သူတော်စဥ်အဆင့်လောက်က ချမ်းဘော့ဒ် ဘုရားကျောင်းမှာဆက်ပြီးနေခွင့်ရှိမှာမဟုတ်တော့ဘူး။ အဲ့လို ဖြစ်သွားပြီဆို အလတ်ဇန္ဒားနဲ့ရင်းနီးဖို့က ပိုပြီးခက်ခဲသွားလိမ့်မယ်....."

Hail the king(1-200)Where stories live. Discover now