16

976 119 1
                                    

Uni
=======
Hail The King
အပိုင်း(၁၆)

အမ်မာ ဖှေးအား စိုက်ကြည့်ရင်းပြုံးလိုက်သည်။"အရှင့်နန်းတော်မှာ ထားလို့ရတာပဲ နေရာလဲ လုံလုံလောက်လောက်ရှိတယ်လေ။ထားချင်မထားချင်တာကတော့ အရှင့်သဘောပေါ့။"

ဖှေး မျက်လုံးများ အရောင်တောက်ပသွားသည်။

"တော်တော်ကောင်းတဲ့အကြံပဲ အမ်မာ။ ဘရွတ် ဒဏ်ရာရစစ်သားတွေကို သယ်ဖို့ပြင်တော့ ဆရာဝန်တွေကိုလဲ ပြောလိုက် ဒဏ်ရာအခြေအနေဘယ်လောက်ဆိုးဆိုး အဆုံးမသက်ပါသေးနဲ့ဦးလို့ ငါတစ်ခုခုကြံလိုက်ဦးမယ်။"

ဘရွတ် အံ့သြသွား၏။ "ရပါတယ် နေပါစေ အရှင်မင်းကြီး။"

"ဘာလို့လဲ သူတို့ တွေ နိုင်ငံအတွက်အသက်ပေးတိုက်ခိုက်ခဲ့ကြတဲ့သူတွေပဲ ငါ့နန်းတော်ထဲမှာ ထားသင့်ပါတယ်။"

အမ်မာလဲ ကြက်သေသေ သွားသည်။

ထိုအကြံကိုပြောသည်မှာ ဖှေးအား ကလေးဆန်ဆန် အကြပ်ရိုက်စေလို၍ဖြစ်သည်။သူမ၏ အကြံအား တကယ်လက်ခံလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။"အလတ်ဇန္ဓား နင်သေချာလို့လား ဘုရင်တစ်ပါးက သူ့နန်းတော်ကို လူနာကုသဆောင်လုပ်ပစ်လိုက်တာမျိုးကို ငါတစ်ခါမှမကြားဖူးဘူးနော်။"

ဖှေး အမ်မာ၏ ခေါင်းအားကိုင်ပြီး ဆံပင်များကိုဖွကာ "ဒါပေါ့ အကြံပေးတဲ့ကျေးဇူးပါ ချာတိတ်"

"နင်ကမှ ချာတိတ်"

"ဟားဟား.."

အန်ဂျယ်လာဘာမှဝင်မပြောချေ။ အမ်မာနှင့် ဖှေးကိုသာ ကြည့်၍ ပြုံးနေလေသည်။သူမ၏ စိတ်ထဲတွင် အတော်ပျော်ရွှင်နေ၏။ သူမထိုကဲ့သို့မပျော်ရွှင်ရသည်မှာ မည်မျှကြာပြီနည်း။
ထိုမေးခွန်း အဖြေကို သူမကိုယ်တိုင်ပင် မမှတ်မိတော့ချေ။
.......

ဒဏ်ရာရစစ်သားများကို နန်းတော်ဆောင်ထဲသို့ လျှင်မြန်စွာ ရွှေ့ပြီးဖြစ်သည်။စစ်သားများအား အစားအစာရေနှင့်စောင်များ အဝတ်အစားများကို အန်ဂျယ်လာနှင့် အမ်မာဦးဆောင်ပြီး လိုက်လံဝေငှပြီးဖြစ်၏။ဖှေးသည်လည်း သူ၏ ဘဏ်ဏာတိုက်ထဲမှ ရတနာအနည်းငယ်ကိုလဲ စစ်သားများ စိတ်ဓာတ်တက်ကြွစေရန် ထုတ်ပေးသည်။စိတ်အားထက်သန်စေရန် ဓနအင်အားအနည်းငယ်ပါလိုသည်ကို ဖှေးသိသည်။ ဖှေးအရင်ကမ္ဘာမှာ နေစဥ်က စိတ်ပညာမေဂျာယူထားသော တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့်ပင်။

Hail the king(1-200)Where stories live. Discover now