79

716 96 2
                                    

Uni
======
Hail The King
အပိုင်း(၇၉) "အပြင်ကမ္ဘာတွင်ပေါ်လာသော ပေါ်တယ်တစ်ခု"

ပီတာနှင့် ဘရွတ်တို့နှစ်ယောက်လုံး ရူးချင်သလိုပါဖြစ်သွား၏။ ဤအချိန်တွင် သူတို့နှစ်ယောက်လုံး ဘုရင်၏လှည့်စားစနောက်ခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်းကို သိရှိသွားပြီဖြစ်သည်။ အရာအားလုံးသည် သူငယ်ချင်းအချင်းချင်း စနောကျသကဲ့သျို့ပငျသာ ဖြစ်သည်။

ဘရွတ် ဟော့ခ်ဆေးပုလင်း နောက်တစ်လုံးအား စိတ်လှုပ်ရှားစွာဖြင့်မော့သောက်လိုက်သည်။

ယခင်စမ်းသက်မှုများတွင် ဖှေးထိုဆေးပုလင်းအား တိရစ္ဆာန်များဖြစ်ကြသော ကြက်၊ ငှက်၊ နွားများဖြင့်ပင်စမ်းသပ်ခဲ့ပြီးဖြစ်သည်။ သေမိန့်ကျခံထားရသော အကျဥ်းသားများဖြင့်လည်း လက်တွေ့စမ်းသပ်မှုများစွာပြုလုပ်ခဲ့သည်။ ဖှေး ဟော့ခ် ဆေးပုလင်းနှင့် ပတ်သက်သည့် အာနိသက်များ၊ ဘေးထွက်ဆိုးကျိုးများ၊ ရေရှည်သက်ရောက်မှုများ၊ ရေတိုသက်ရောက်မှုများ စသည်တို့ကို ကျွမ်းကျင်စွာလေ့လာသိရှိပြီးလဲဖြစ်သည်။ ဖော်မပြနိုင်သောနာကြင်မှုမျိုးကို ခံစားပြီးနောက်တွင် ဘရွတ်လဲ ကြယ်နှစ်လုံးစစ်သည်တစ်ယောက်အား အနိုင်ယူနိုင်သည့် ခွန်အားများရရှိလာတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးကြောင်းများလည်း ပို၍ကျယ်ပြန့်လာပြီဖြစ်သည်။ ဤသည်မှာပို၍ထင်ရှားသည့် ရေရှည်သက်ရောက်မှုဖြစ်သည်။ အတွင်းအားကျင့်စဥ်တွင်ပုံမှန်သာဖြစ်သောဘရွတ်မှာ ပါရမီရှင်တစ်ယောက်ဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။

ဆေးပုလင်း၏ သက်ရောက်မှုအား အစွမ်းထက်ဆုံးအနေထားဖြစ်နေရန်အတွက် အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်သည်။ ထိုမှသာ ဆေး၏စွမ်းရည်အာနိသင် လျှော့ကျမသွားမည်ဖြစ်သည်။ အသားရေအား အနီးကပ်ကြည့်လိုက်ပါက အနည်းငယ်အစိမ်းရောင်သန်းနေသေးသည်ကိုလည်း တွေ့မြင်နေရ၏။ ဘရွတ်နှင့် ပီတာတို့တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ရယ်မောမိကြသည်။

ဘုရင့်လက်ထဲတွင် ထိုကဲ့သို့အစွမ်းထက်လှသော ဆေးပုလင်းများရှိနေသည်ကို ဘရွတ်နှင့် ပီတာတို့ ထိတ်လန့်အံ့သြမိ၏။ ဤအချက်လက်ပေါက်ကြားသွားပါက လူပေါင်းများစွာသည် ဆေးပုလင်းအပိုင်သိမ်းရန်အတွက် စစ်ပွဲများဆင်နွှဲလာနိုင်၏။ ဘုရင်သည် သူတို့နှစ်ယောက်ကိုသာခေါ်ပြောရသည့်အကြောင်းရင်းကို နားလည်သွားကြပြီဖြစ်သည်။ ဘုရင့်၏ကိုယ်ရံတော် ဖာနမ်ဒို-တိုးရိစ်မှလွဲ၍ ကျန်အစောင့်များအား အိမ်ပြန်လွှတ်လိုက်ပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now