Uni
=======
Hail The King
အပိုင်း(၁၂၁)"ဒါက တောရက်စ်မှော်ဦးဆောင်းပဲ...ဒီကောင်က ဦးဆောင်းတစ်ခုထဲဆိုပေမယ့် ခုခံနိုင်စွမ်းတော်တော်မြင့်ပြီး သူ့ရဲ့ အစွမ်းသတ္တိတွေက ဘယ်ရန်သူကိုမဆို ကြောက်ဒူးတုန်သွားနိုင်စေတယ်...ဒီချွန်မြနေတဲ့ ဦးချိုတွေကိုပဲကြည့်ကြည့် ရန်သူရဲ့စိတ်ကို ပြတ်ပျားသွားစေမှာအမှန်ပဲ..." ဖှေး ထိုကဲ့သို့ပြောပြီးနောက်တွင် သူ၏မျက်လုံးများသည် ဒရော့ဂ်ဘာထံသို့ ကျရောက်သွားသည်။ "ငါ့မိတ်ဆွေကြီး ဒရော့ဂ်ဘာ ဒါမင်းအတွက်ဆုလာဘ်ပဲ...ဒီဦးဆောင်းက မင်းအတွက် အနီးကပ်ဆုံးတိုက်ပွဲဝင်ရဲဘော်ဖြစ်လိမ့်မယ်..."
ဒိုင်ဒီယာ ဒရော့ဂ်ဘာ အံ့သြလွန်းသဖြင့် ကြက်သေသေသွားသည်။ လွန်ခဲ့သည့်ခနတာခန့်က သူသည် ပီးရာ့စ်အူကြောင်ကြောင်ဖြစ်သွားသည့် ပုံကိုကြည့်ကာ ကြိတ်ရယ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်သူ၏ တုန့်ပြန်မှုမှာ ပို၍ပင်ရယ်စဖွယ်ဖြစ်နေ၏။ ဖှေး သုံးခါခန့် သူ့နာမည်အားအော်ခေါ်ပြီးချိန်မှ ပြန်သတိရလာပြီး ဖှေးအရှေ့တွင် ဒူးတစ်ဖက်ထောက်လိုက်သည်။
"တရားမျှတမှု၊ကျက်သရေရှိမှု၊ ပျော်ရွှင်မှုတွေက မင်းနဲ့အတူရှိပါစေ မိတ်ဆွေ...ဒီနေရာ ဒီအချိန်မှ ငါချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်တစ်ပါးအနေနဲ့ မင်းကိုဟောဒီ တောရက်စ်ဦးဆောင်းကို ချီးမြှင့်လိုက်တယ်...ဒီနေ့ကမပြီး မင်းကလည်းရွှေရောင်စစ်သည်တွေကတစ်ယောက်ပဲ...မင်းရဲ့ဂုဏ်ပုဒ်ကတော့ တောရက်စ်..."
ဖှေး၏စကားလုံးများသည် [ပေးဝေခြင်း]အစွမ်းကို နျိုးထလာစပွေီး ဦးဆောင်းသည်အလင်းအဖြစ်သို့ပျောက်ကွယ်သွားပြီး ဒရော့ဂ်ဘာ၏ နဖူးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
ပီးရာ့စ်ကဲ့သို့ပင် နတ်ဘုရားအစွမ်းဖြစ်သည့် [ပေးဝေခြင်း]၏ အာနိသင်ကြောင့် ဦးဆောင်းအစွမ်းမှာလဲ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်သည်။ ဒရော့ဂ်ဘာသည် ဦးဆောင်းအား သူ၏ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားနိုင်ပြီး လိုအပ်ပါက ဆင့်ခေါ်နိုင်သည်။ ဦးဆောင်းနှင့်ဆိုပါက ဒရော့ဂ်ဘာ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ နှစ်ဆခန့်မြင့်မားသွားပြီး ကျွဲရိုင်းတစ်ကောင်ကဲ့သို့သန်မာသွားမည်ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...