23

917 104 2
                                    

Uni
=======
Hail The King
အပိုင်း(၂၃)

"တခြားသူတွေရောရှိသေးလား။"

"ကျွန်တော်ပြောခဲ့တဲ့ လူတွေပြီးရင် အရှင့်ရဲ့ယောက်ခမလောင်းဖြစ်တဲ့ အန်ဂျယ်လာရဲ့အဖေ အိမ်တော်ထိန်း ဘတ်စ် ကလဲ အတော်အသင့်အာဏာရှိပါတယ်။ဒါပေမယ့် ရန်သူတွေလာမတိုက်ခိုက်ခင်ကမှ သူက ပိုင်ဆိုင်မှုတွေယူပြီး မြို့ကနေထွက်သွားတယ်။ သူဘယ်သွားတယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး....."

"အန်ဂျယ်လာရဲ့ အဖေလား" ဖှေး အံ့သြသွား၏။ "အန်ဂျယ်လာရဲ့အဖေက အသက်ရှိသေးတာလား ငါသူ့ကိုမမြင်မိတာလဲမဆန်းပါဘူး ပိုငျဆျိုငျမှုတှပေါယူသှားတာဆိုတော့ ရန်သူတွေလာတိုက်တော့မှာကို ကြိုသိလို့ ထွက်ပြေးသွားတာလား မသိဘူး..."

ဖှေး ဒေါသဖြစ်သည်မဟုတ်သော်လဲ အန်ဂျယ်လာအတွက် စိတ်မကောင်းဖြစ်မိသည်။ အရေးအကြီးဆုံး အချိန်တွင် ဖခင်၏ စွန့်ခွာသွားခြင်းကို ခံရသောကြောင့်ပင်။

"သူမနေ့တိုင်းဝမ်းနည်းဒါတွေကို ဖုံးကွယ်နေရတာဖြစ်နိုင်တာပဲ..." ဖှေး ရုတ်တရက် အန်ဂျယ်လာအား စိုးရိမ်လာသည်။

ချမ်းဘော့ဒ် အား အေးစက်သော လေညင်းများတိုက်ခက်လျက်ရှိပြီး မြစ်တဖက်ကမ်းရှိရန်သူ့ စခန်းမှ မီးပုံများကို လှမ်းမြင်နေရသည်။ ညအခါအဝေးမှကြည့်လျှင်ကြယ်ကလေးများ အတိုင်းပင်။ဖှေးလဲ ခံတပ်နံရံပေါ်တွင် ဘရွတ်နှင့်အတူ စကားဆက်လက်ပြောလျှက်ရှိသည်။ ယခုအခါတွင် ချမ်းဘော့ဒ် အတွင်းရှိ အာဏာရှိအသျိုငျးဝိုငျးမြားအကွောငျးကို ဖှေး အနည်းငယ် နားလည်သဘောပေါက်လာပြီဖြစ်သည်။

ဘရွတ်ပြောပြချက်များအရ ချမ်းဘော့ဒ် သည် သေးငယ်သည့်နိုင်ငံတစ်ခုဖြစ်သော်လည်း နိုင်ငံအတွင်းအဖွဲ့စည်းများ၏ အားပြိုင်မှုတို့မှာ အင်ပါယာကြီးများနည်းတူပင် ပြင်းထန်ကြောင်းသိရသည်။ဖှေး စိတ်ဝင်စားစရာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရကာ စိတ်လှုပ်ရှားမိသည်။

"ငါတော့ မနေ့တုန်းက စစ်မြေပြင်မှာ ဘစ်ဇားတို့ ကွန်းကတို့ အိုလတ် တို့ကို တွေ့မိတယ်မထင်ဘူး သူတို့ကရော ဝင်မတိုက်ခိုက်ကြဘူးလား..."

Hail the king(1-200)Where stories live. Discover now