130

608 65 1
                                    

Uni
=======
Hail The King
အပိုင်း(၁၃၀)

ဓားတစ်လက်သူရဲကောင်းသည် သူမအားဤကဲ့သို့ထားခဲ့မည်ကိုကြိုသိနှင့် ပြီးသည့်အတိုင်းပင် မင်းသမီး၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိပေ။ သူမသည် မျက်မှောငိကြုံ့နေဆဲဖြစ်သည်။ သူမျက်မှောင်ကြုံ့နေရသည့်အကြောင်းမှာ သူမ၏အခြေအနေကိုစိုးရိမ်သောကြောင့်မဟုတ်ပဲ ပဲရစ်အား အလွန်ရွံရှာနေသောကြောင့်မှန်းကို ဖှေးထင်ရှားစွာခံစားမိသည်။

"ဒီပဲရစ်က မင်းသမီးရဲ့ ဘဲကိုများ စနိုက်ကျော်ခဲ့ဖူးလို့များလား...."
ဖှေး ဟာသအနေဖြင့် တွေးလိုက်မိသည်။

ဤအချိန်တွက် နေရောင်ခြည်သည် တိမ်တိုက်များကိုကျော်လွန်ကာထွန်းတောက်နေပြီဖြစ်ပြီး တောင်ထိပ်ရှိ အေးစက်မှုများကိုရှင်းလင်းလိုက်ပြီးဖြစ်သည်။ အဝေးမှကြည့်ပါကတောင်ထိပ်မြင်ကွင်းမှာ အလွန်ကျက်သရေရှိလှပသည့် မြင်ကွင်းဖြစ်သည်။

တောင်ထိပ်တွင် ချမ်းဘော့ဒ်မှလူ၂၀ဝန်းကျင်ခန့် ကျန်ရှိနေဆဲ ဖြစ်သည်။

ဒရော့ဂ်ဘာနှင့် ဘားရက်ခ်တို့ကဲ့သို့ လူသန်ကြီးများသညိ သူတို့၏ ကြီးမားသည့်လက်နက်များကိုမြဲမြံစွာကိုင်ထားပြီး နတ်စဥ်အောက်တွင် ဝိုင်းရံထားကာစောင့်ကြည့်နေကြသည်။ နတ်စဥ်အောက်ဘက်ရှိ လူအုပ်ထဲတွင် လေးမြှားဖြင့်တိုက်ခိုက်ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ပုံးအောင်းလျှက်ရှိနေဆဲ ဖြစ်ကြောင်း သူတို့သိရှိပြီးဖြစ်၏။ ဤကဲ့သို့ လုပ်ကြံသတ်ဖြတ်သူမှာ အကြောက်ရဆုံးဖြစ်သည်။ မည်သည့်အချိန်တွင် ထွက်ပေါ်လာပြီး မည်သူအား ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်းမသိရသောကြောင့်ပင်။

လမ်းပါ့ဒ်နှင့် ဒဏ်ရာအပြင်းထန်ရထားသော အျိုလတျတို့သညျ့ စစ်သည်အနည်းငယ်နှင့် အတူ အန်ဂျယ်လာနှင့် အန်မာတို့အား တင်းကြပ်စွာစောင့်ရှောက်ထားလျှက်ရှိကြသည်။ တောင်ထိပ်တွင် ဤအမျိုးသမီးနှစ်ယောက်မှာ အားအနည်းဆုံးဖြစ်သည်။ 

အခြေအနေမှာ အင်မတန်ရှုပ်ထွေးလာသည်။

မင်းသမီးဘက်တွင် လူအင်အားသာလွန်သော်လည်း နိုင်နိုင်ချေများစွာမရှိပေ။

Hail the king(1-200)Where stories live. Discover now