15

1K 115 2
                                    

Uni
======
Hail The King
အပိုင်း(၁၅)

ဒဏ်ရာအခြေအနေပြင်းထန်ပြီး အသက်ရှင်ရန်မျှော်လင့်ချက်မရှိသော စစ်သားများအတွက်ဆိုလျှင် "ညင်သာစွာအဆုံးသက်ခြင်း"ဆိုသည့် နည်းလမ်းအား အသုံးပြုလေ့ရှိသည်။သေးငယ်ချွန်မြသော သံချောင်းလေးအား ကို ဦးခေါင်းရှိ နေရာတစ်နေရာသို့ ရိုက်သွင်းခြင်းပင်။ ထိုအခါလူနာသည် ဝေဒနာ ခံစားရခြင်းမရှိပဲ လျှင်မြန်စွာသေဆုံးသွားမည်ဖြစ်သည်။

ပီးရာ့စ်၏ အခြေအနေမှာ ညင်သာစွာ အဆုံးသက်ပေးရမည့်အခြေအနေပင်။သို့သော် ပီးရာ့စ်၏ သူရဲကောင်းဆန်သောလုပ်ရပ်များနှင့် ခေါင်းဆောင် ဘရွတ်၏ တားမြစ်မှုကြောင့် ပီးရာ့စ် အားအဆုံးမသက်ကြသေးပေ။

"သူ့အခြေအနေ ဘယ်လိုရှိလဲ။" ဖှေးဆရာဝန်အား မေးလိုက်သည်။ သတင်းကောင်းကြားရရန်မျှော်လင့်နေ၏။

"ကျွန်တော်လဲ စိတ်မကောင်းပါဘူး အရှင်မင်းကြီး သူ့ဒဏ်ရာတွေက ကိုယ်တွင်းအင်္ဂါတွေထိပါပျက်စီးကုန်ပြီ။ ကျွန်တော်တို့လဲ အကောင်းဆုံးကုပေးခဲ့ပါတယ် ဒါပေမယ့် ဒီလိုဒဏ်ရာမျိုးကိုတော့ မဟာဘုရားကျောင်းက အဆင့်မြင့် သူတော်စဥ်တွေတောင်ကုသနိုင်မှာမဟုတ်ဘူး။"

"သူတော်စဥ်?"

ထိုစကားလုံးကို ဖှေး သတိထားမိသွားသည်။သို့သော်လဲ ထိုကိစ္စအားမေးရန်အချိန်မဟုတ်သေးပေ။ ဖှေးလက်ရှိပြသနာကို ဖြေရှင်းရန်နည်းလမ်းစဥ်းစားရပေဦးမည်။

ဆရာဝန်နှစ်ယောက်ရောက်လာကာ ဖှေးအားအရိုအသေပေးလိုက်သည်။ သူတို့လက်ထဲတွင် သစ်သား ဗန်းတစ်ခုပါရှိသည်။ ထိုဗန်းပေါ်တွင် သစ်သားတူနှင့် သံချောင်းတစ်ခုပါရှိလေသည်။ပီးရာ့စ်အား အဆုံးသက်ပေးကြတော့မည်ဖြစ်သည်။ ပီးရာ့စ်မှာ မေ့လျော့နေသည်ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဝေဒနာခံစားနေရသည်မှာ အမှန်ပင်ဖြစ်သည်။ဆရာဝန်တစ်ယောက်မှာ ပီးရာ့စ်အား မထူပြီး နောက်ဆရာဝန်တစ်ယောက်မှာ ပီးရာ့စ် ခေါင်းသို့ သံချောင်းထောက်ကာ ရိုက်သွင်းရန်တူအား ကိုင်မြှောက်လိုက်သည်။

"နေဦး"

ဖှေး ဆရာဝန်များအား တားလိုက်သည်။

Hail the king(1-200)Where stories live. Discover now