22

965 115 2
                                    

Uni
======
Hail The King
အပိုင်း(၂၂)

အေဇာရုတိုက်တွင် လူများသည် နတ်ဘုရားများကို လွန်စွာယုံကြည်ကိုးကွယ်ကြသည်။စစ်ပွဲများမကြာခဏဖြစ်ပွားခြင်းကြောင့် စစ်ပွဲနတ်ဘုရားမှာ ယုံကြည်သူအများဆုံးနှင့် ကိုးကွယ်သူအများဆုံး နတ်ဘုရားတစ်ပါးဖြစ်သည်။ထို့ကြောင့် ဖြစ်ပျက်သမျှအားလုံးကို စစ်ပွဲနတ်ဘုရားကြောင့်ဟု ဆင်ခြေပေးပါက မယုံကြည့်မည့်သူမရှိပေ။

အလတ်ဇန္ဓား ဘာဖြစ်သွားသည်ဆိုသည်အား ရှင်းပြရန်ဖှေးအကြောင်းပြချက်တစ်ခုလိုလေသည်။ ယခုအခါထိုအကြောင်းပြချက်ရှိသွားပြီဖြစ်သည်။သူဘရွတ်အားပြောလိုက်သော အရာများသည်မကြာခင်မှာပင် လူအများကြားသို့ပျံ့နှံ့သွားမည်ဖြစ်၍ လူတစ်ဦးခြင်းစီကို ဖှေးကိုယ်တိုင်လိုက်လံရှင်းပြနေရန်လိုတော့မည် မဟုတ်ပေ။တစ်ခုတစ်လေတွင် လူအများသည် ကိုယ်တိုင်ပြောသည်ထက် ကောလဟာလကိုသာ ပို၍ ယုံကြည်တတ်ကြ၏။

"ငါမနေ့ကမတိုင်ခင်ထိ ဘာကိုမှရေရေရာရာမမှတ်မိဘူး ဘရွတ်ငါ့ကို ချမ်းဘော့ဒ်တိုင်းပြည်အကြောင်းရှင်းပြပါလား။"ဖှေးတအားကြီး ဂရုစိုက်သည့်ဟန်မပြပဲ မေးလိုက်သည်။ သူသည် ဘရွတ် ကို နိုင်ငံနှင့် နန်းတော်အကြောင်းရှင်းပြစေလိုသည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ အေဇာရုတိုက်ရဲ့ မူဝါဒတွေအရဆို ချမ်းဘော့ဒ် တိုင်းပြည်က အင်ပါယာတစ်ခုမဟုတ်ပါဘူး။ အင်ပါယာကြီးတစ်ခုရဲ့လက်အောက်ခံ နိုင်ငံငယ်လေးတစ်ခုပါ။ နိုင်ငံတွင်းလူဦးရေက တစ်သောင်းတောင်မပြည့်ပါဘူး။ စစ်အင်အားကတော့ စစ်သည် ၄၀၀ပါဝင်တဲ့ ဘုရင့်အစောင့်တပ်ပဲရှိပါတယ်။" ဘရွတ် သူသိသည်များကို ရှင်းပြသည်။

"လက်အောက်ခံနိုင်ငံလား..." ဖှေးစိတ်ထဲတွင် သိပ်အလိုမကျချေ။

"ဟုတ်ပါတယ် ချမ်းဘော့ဒ်တိုင်းပြည်က ဇီးနစ်လို့ခေါ်တဲ့ အင်ပါယာရဲ့လက်အောက်ခံနိုင်ငံတစ်ခုပါ။ဇီးနစ်အင်ပါယာမှာဆို လက်အောက်ခံနိုင်ငံပေါင်း 250ရှိပါတယ်။ နိုင်ငံတွေကို အဆင့် ၆ဆင့်ခွဲထားပါတယ်။ ချမ်းဘော့နိုင်ငံကတော့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်၆နေရာမှာ တည်ရှိနေပါတယ်။ဇီးနစ်အင်ပါယာထဲမှာ အဆင့်၆နိုင်ငံပေါင်း ၆၈နိုင်ငံရှိပါတယ်။"

Hail the king(1-200)Where stories live. Discover now