Uni
======
Hail The King
အပိုင်း(၄၆)"အလတ်ဇန္ဒားး......"
အန်ဂျယ်လာ၏ မျက်ဝန်းမှ မျက်ရည်များစီးဆင်းလာ၏။
ဖှေး၏ သံမဏိခေါင်းဆောင်းနောက်ကွယ်မှ တောက်ပသောမျက်ဝန်းတစ်စုံနှင့် သူမအား လှည့်ကြည့်ပြီးနောက် နံရံအောက်သို့ ခုန်ဆင်းသွားသော အခိုက်အတံ့အား သူမမေ့နိုင်မည်မဟုတ်ပေ။
"အလတျဇန်ဒါး နင်အသက်ရှင်လျက် ပြန်လာရမယ်...."
နံရံအောက်သို့ အမြန်တွယ်ဆင်းသွားပြီး တခြားစစ်သားကို ဦးဆောင်လျက် ရန်သူများစီ ချီတပ်သွားသော ဖှေး၏ကြောပြင်ကိုသာ နံရံပေါ်မှ ငှေးမောကြည့်ရင်း ကျန်ခဲ့၏။
...........
...........
ဇူလီမြစ် ၏ တောင်ဘက်ကမ်းတွင်ဖြစ်သည်။ ဆောင်းဦးလေသည် မြေပြင်ပေါ်မှ သစ်ရွက်ကြွေများကို တိုက်ခတ်လွှင့်စင်စေသည်။ သစ်ပင်ပေါ်မှလဲ ရှဥ့် တစ်ကောင်သည် သစ်စေ့တစေ့ကို စားနေ၏။ ကောင်းကင်ပြာတွင်လည်း ကျေးငှက်များ ပျံသန်းနေလေရာ ဆောင်းဦးရာသီ၏ လှပသော မြင်ကွင်းပင်။
သို့သော် ရုတ်တရက်....
"ခွပ် ခွပ် ခွပ်"
မြင်းခွာသံများပင်။အစာစားနေသောရှဥ့်လည်း ထိတ်လန့်ပြီး သစ်ခေါင်းထဲ ပြန်ဝင်ပြေးသွား၏။ ကျေးငှက်များလဲ ကြောက်လန့်ပျံပြေးကုန်ကြသည်။
မြင်းဟီသံများ ကျယ်သထက် ကျယ်လောင်လာပြီး ငွေရောင်မျက်နှာဖုံးရှင်နှင့် အပေါင်းအပါ အခြွေအရံများရောက်လာကြ၏။
ငွေရောင်မျက်နှာဖုံးရှင်သည် ကောင်းကင်အားမော့ကြည့်ပြီး အချိန်ကို ခန့်မှန်းလိုက်သည်။ထို့နောက်တွင် သိမ်းငှက်မျက်လုံးအား ထုတ်ပြီး ခံတပ်နံရံပေါ်ရှိစစ်သားများ၏ အခြေအနေကို လှမ်းကြည့်လိုက်သည်။သိမ်းငှက်မျက်လုံးဆိုသည်မှာ ငွေရောင်မျက်နှာဖုံးရှင်ပိုင်ဆိုင်သည့် မှော်ပစ္စည်းတစ်ခုပင်ဖြစ်သည်။ မှန်ပြောင်းအသေးစားလေးကဲ့သို့ပင်။ သို့သော် မှန်များအား မှော်ပညာဖြင့် မွမ်းမံထားသဖြင့် မိုင်ပေါင်းများစွာမှ ပုရွတ်ဆိတ်လေးတစ်ကောင်ကိုပင် ရှင်းလင်းပြတ်သားစွာ လှမ်းကြည့်နိုင်စွမ်းရှိသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...