68

739 90 2
                                    

Uni
======
Hail The King
အပိုင်း(၆၈) "အံ့သြထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိမှု"

ဖှေး ရင်ပြင်ပေါ်သို့ရောက်ရှိလာသည့်အချိန်တွင် ဘေးပတ်ဝန်းကျင်သို့ အသေချာလှည့်ပတ်ကြည့်ရှုလိုက်သည်။ လူတော်တော်များများမှာ ဖြူဖက်ဖြူရော်နှင့် ပိန်ကပ်နေက အဝတ်အစားအစုတ်အပြတ်များ ဝတ်ဆင်ထားသောလူများများ၏။ ထိုသူများမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဆင်းရဲနွမ်းပါးသော မြို့သူမြို့သားများပင်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖှေးရောက်ရှိလာသည်ကိုတွေ့သော အခါ သူတို့အားလုံး ပျော်ရွှင်သွာအားပေးလိုက်ကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြသည်။

"ဟိုမှာ ကြည့်စမ်း အရှင်မင်းကြီးတကယ်ပဲရောက်လာပြီ......"

"အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတအောင်ပြန်လုပ်ပေးပါ....."

"ကျွန်တော်တို့ အကျဥ်းထောင်အရာရှိတွေကို တရားစွဲချင်ပါတယ်...သူတို့တွေက အာဏာကိုအလွဲသုံးစားလုပ်ပြီး အပြစ်ကင်းစင်တဲ့လူတွေကို ဖမ်းချုပ်ခဲ့ပါတယ်...."

"ဘုရင်အလတ်ဇန္ဒား ကျွန်တော်မျိုးရဲ့သားက ဝန်ကြီးချုပ် ဘစ်ဇားရဲ့သားကို မတော်တဆအာခံသလိုဖြစ်သွားတဲ့အတွက် ဖမ်းဆီးပြီး မြေအောက်ရေ သံမဏိအကျဥ်းထောင်မှာ ချုပ်ထားခြင်းခံခဲ့ရပါတယ်...ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးပါလား..အရှင်မင်းကြီး....."

မြို့သူမြို့သားများ မြေပြင်ပေါ်တွင်ဒူးထောက်လျှက် အော်ဟစ်တောင်းဆိုနေကြသည်။

ဖှေးတစ်ဖက်သို့လှည့်ပြီး ဘရွတ်အားကြည့်လိုက်သည်။ ဘရွတ်လျှင်မြန်စွာခေါင်းခါရမ်းလိုက်ပြီး..."အရှင်မင်းကြီး ဒီလူတွေကို အရှင်မင်းကြီးရောက်လာလိမ့်မယ်လို့ ကျွန်တော်လဲ အသိမပေးထားပါဘူ....ဘာလို့ရောက်နေကြလဲ ကျွန်တော်မသိဘူးဗျ လူစုခွဲပြီး အိမ်ပြန်လွှတ်လိုက်ရမလား..."

ဖှေး ပြုံးပြီး သူ၏ခေါင်းကိုခါရမ်းလိုက်သည်။ "ရတယ် မလွှတ်နဲ့...ငါက အကြဥျးထောငျကျိုပွနျလညျ စီစစ်ပေးဖို့လာခဲ့တာလေ...ဒါအကောင်းဆုံးပဲ ဒီလိုပုံနဲ့ဆိုရင် အကျဥ်းသားတစ်ယောက်ချင်းစီရဲ့ အချက်အလတ်တွေကို ငါပိုပြီးတိတိကျကျသိရတာပေါ့....စစ်သားတွေကို ရင်ပြင်မှာ ငါ့အတွက်ထိုင်ခုံတစ်လုံးနဲ့ စားပွဲခုံတစ်ခုစီစဥ်ခိုင်းလိုက်...ထောင်မှုးအိုလတ်ဂ်ကိုလဲ စာရွက်စာတမ်းတွေယူလာပေးဖို့ပြောလိုက်.....ငါအကျဥ်းထောင်ကိစ္စကို မြို့သူမြို့သားတွေရှေ့မှာပဲ ပြန်လည်စီစစ်မယ်...."

Hail the king(1-200)Where stories live. Discover now