Uni
=======
Hail The King
အပိုင်း(၁၀၆)[သူပုန်စခန်း]တွင်ဖြစ်သည်။
မီးဖိုကြီးထဲတွင် ပူလောင်သောမီးတောက်ကြီးများမှာ တောက်လောင်ဆူပွက်နေသည်။ လှပသော ပန်းပဲဆရာမ ချယ်စီမှာ သူမ၏ သံမဏိမှော်တူကို လေထဲတွင် ဝှေ့ရမ်းကာ တစ်ချက်ပြီးတစ်ချက် ထုရိုက်နေ၏။ "ဒေါင် ဒေါင်" ဟု မြည်သံနှင့်အတူ ထုလုပ်နေစဲဖြစ်သည့် အပူကြောင့် နီရဲနေသော ဓားတစ်လက်ပေါ်သို့ တူဖြင့် ထုရိုက်လျှက်ရှိသည်။ သူမကိုယ်မှ ချွေးစက်များသည် အပူချိန်ပြင်းသည့် ဓားပေါ်သို့ပြုတ်ကျပြီး ရေငွေ့များ အဖြစ်ကူးပြောင်းသွားကြသည်။
သံမဏိပန်းပဲဖို၏ တစ်ဖက်တွင်ဖြစ်သည်။ လူရိုင်းဖှေးသည် ဖားဖိုမောင်းတံအားဆွဲလျှက် မီးဖိုအတွင်းသို့လေများရောက်စေပြီး မီးတောက်များအား ကြီးသထက်ကြီးမားစေအောင် ဆောင်ရွက်လျှက်ရှိသည်။
"ဒေါင်..."
ချယ်စီ၏ နောက်ဆုံးတူရိုက်ချက်တစ်ခုကျရောက်ပြီးချိန်တွင် မှော်စွမ်းအင်များသည် ဓားပေါ်တွင် စတင်ပြန့်နှံ့လာသည်။ သစ်ခွရောင်မီးတောက်များစတင်တောက်ပလာတော့သည်။ ဓားထံမှ ဆူညံသံတစ်ချို့စတင်ထွက်ပေါ်လာပြီး တုန်ခါလာတော့သည်။"ဘုရားရေ နောက်ဆုံးတော့ပြီးသွားပြီပဲ..."
လှပသော ပန်းပဲဆရာမ ချယ်စီမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် သူမ၏ နဖူးတွင် စီးကျနေသော ချွေးများကိုပင် မသုပ်နိုင်တော့ချေ။ ပူလောင်နေဆဲ ဖြစ်သည့် ဓားကိုကောက်ကိုင်ကာ လေထဲတွင့်ဝှေ့ရမ်းကြည့်လိုက်သည်။ ပန်းပဲဖိုထဲတွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။
"ဒါတကယ်အလုပ်ဖြစ်သွားပြီလား...."
ဖှေးလဲ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး အလားတူပင် အံ့သြပျော်ရွှင်သွားသည်။ အပြာရောင်ဓားအားလှမ်းယူလိုက်ပြီး ဓားလက်ကိုင်မှ အပူချိန်ကိုခံစားပြီး ဓားကို ငုံ့ကြည့်လိုက်၏။ ဓား၏ သက်ဆိုင်ရာ အချက်အလက်များကို သူ၏မျက်လုံးထဲတွင် မြင်လိုက်ရ၏။
လက်တစ်ဖက်ကိုင် ထိခိုက်စေနိုင်မှု: 4-9
လက်နှစ်ဖက်ကိုင် ထိခိုက်စေနိုင်မှု: 8-12
ရေခဲအဖျက်စွမ်းအား: +3
အကြမ်းခံနိုင်မှု: 16/16
လယ်ဗယ် သက်မှတ်ချက်မလိုအပ်၊ ခွန်အားအမှတ်သက်မှတ်ချက် မလိုအပ်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...