Uni
======
Hail The King
အပိုင်း(၉၅)ဘရွတ် ဖှေး၏မေးခွန်းကို ကြားလျှင်ကြားချင်း ချက်ချင်းမက်တပ်ရပ်လိုက်ပြီး [သိမ်းငှက်ငါးကောင်]၏နောက်ခံဇာတ်လမ်းနှင့် ချမ်းဘော့ဒ်နှင့် စီရစ်ဒ်တိုင်းပြည်တို့၏ ဆက်ဆံရေးအခြေအနေကို အကျဥ်းခြုံးရှင်းပြလိုက်သည်။
ဖှေးကိစ္စများကိုနားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ကြယ်လေးလုံးအဆင့်အစွမ်းရှိသည့် မင်းသားတစ်ဦးရှိသည်ဟူသောအချက်မှာ ဖှေးအားအနည်းငယ်အံ့သြစေသည်။ သိမ်းငှက်ငါးကောင်အပြင် ကျွမ်းကျင်ဆယ်ယောက်၊ စစ်သည်ကိုးဦး၊ ဆရာရှစ်ပါး၊ ဝံပုလွေ၇ကောင် စသည်ဖြင့် ကျန်အဖွဲ့များလဲရှိသေးသည်။ ထိုသူများသည် သာမန်မထင်မရှားလူများမဖြစ်နိုင်ပေ။ သူတို့တစ်ယောက်ခြင်းစီတိုင်းတွင် ကြောက်မက်ဖွယ်အစွမ်းများရှိနေမည်မှာ အသေချာပင်ဖြစ်သည်။
ဤကဲ့သို့သိရှိလိုက်ရခြင်းကြောင့် ဖှေးမိမိကိုယ်မိမိရေအိုင်ထဲမှ ဖားသူငယ်ကဲ့သို့ခံစားလိုက်ရသည်။ သူယခင်က ချမ်းဘော့ဒ်တိုင်းပြည်သည် ကောင်းမွန်စွာတိုးတတ်လာနေပြီဟု ထင်မှတ်နေခဲ့သော်လည်း ယခုအချိန်တွင် လုံလောက်မှုမရှိသေးဟုတွေးလိုက်မိသည်။ ဟော့ခ်ဆေးပုလင်း တစ်ခုတည်းအပေါ်တွင်သာ မှီခိုနေ၍လုံလောက်မည်မဟုတ်ပေ။
"အဲ့တာအပြင် အဆင့်၄အဖွဲ့ဝင် ရေကန်တိုင်းပြည်က အမြဲတမ်းပဲ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ရေကန်တိုင်းပြည်ရဲ့ ဘုရင် ဘလန်ကိုနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အရင်ဘုရင်တို့က သူတို့ကိုယ်သူတို့ညီအကိုတွေလို့ခေါ်တဲ့အထိကို ခင်မင်ရင်းနှီးခဲ့ပါတယ်...ဒီအချိန်မှာ ဂုဏ်ပြုစကားပြောဖို့ ရေကန်တိုင်းပြည်က လွှတ်လိုက်တဲ့ မင်းသားငယ် မိုဒရစ်က အသက်၁၆ပဲဲရှိသေးပေမယ့် ကျွမ်းကျင်ဆယ်ဦးထဲက တစ်ယောက်ဖြစ်ပြီး ကြယ်နှစ်လုံးအဆင့်စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး တိုင်းတာလို့မရတဲ့အနာဂတ်ရှိပါတယ်။ အရှင်မင်းကြီး မင်းသားမိုဒရစ်ကိုတော့ လူကိုယ်တိုင်သွားရောက်တွေ့ဆုံသင့်ပါတယ်....." ဘတ်စ်အကြံပြုလိုက်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...