Uni
======
Hail The King
အပိုင်း(၁၇၅)ယနေ့သည် အချိန်ကောင်းမဟုတ်သေးပေ။ ထို့ကြောင့်ဖှေး အန်ဂျယ်လာအား ခနတာမပြောသေးပဲထားရန် ဆုံးဖြတ်လိုက်သည်။
ညစာစားအပြီးတွင် ဖှေးသိပ်ပြီး ပင်ပန်းခြင်းမရှိသေးပေ။ သူတစ်စုံတစ်ခုကို စဥ်းစားမိပြီး အန်ဂျယ်လာနှင့်အတူ တော်ဝင်မြင်ဇောင်းသို့ ထွက်လာခဲ့၏။
စစ်မြင်းများနှင့် သိမ်းဆည်းရမိသော မီးမှုတ်သားရဲအကောင်၆၀ ကျော်ကို ဤမြင်းဇောင်းတွင်သိမ်းဆည်းထားခြင်းဖြစ်သည်။ ယခင်က တိတ်ဆိတ်နေလေ့ရှိသော ဤမြင်ဇောင်းမှာ ယခုအချိန်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေ၏။ ဘုရင့်နန်းတော်တွင် အစေခံများ များများစားစားမရှိချေ။ ထို့ကြောင့် ဖှေး အန်ဂျယ်လာနှင့်အတူ ဤကြောက်လန့်နေကြသည့် တိရိစ္ဆာန်များကိုချော့မြူရန်အတွက် လာခဲ့ကြခြင်းဖြစ်သည်။
"ဂရုစိုက်ဦး သူတို့က ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးဘူး...အခုချိန်ကရန်လိုနေတော့ နင့်ကို ရန်ပြုလာနိုင်တယ်...."
ဖှေး အန်ဂျယ်လာကို ဂရုတစိုက်သတိပေးလိုက်ပြီး အစေခံတစ်ချို့ကို အန်ဂျယ်လာအား လိုရမယ်ရ စောင့်ရှောက်ရန် မှာကြားလိုက်သည်။
သူ သူတော်စဥ်သားရဲဖြစ်သည့် ယူနီကွန်း၏ မျိုးနွယ်များကို သေချာစွာလေ့လာကြည့်ရှုလိုက်သည်။
မီးမှုတ်သားရဲများ၏ အပြင်ပန်းအသွင်ပြင်မှာ သာမန်မြင်းများကဲ့သို့ပင် သို့သော် ပို၍သန်မာပြီး ကြီးထွားသည်။ သူတို့၏ အရေပြားပေါ်တွင် မာကြောသော ကြေးခွံများရှိပြီး ထိုကြေးခွံများသည် ခွာများနှင့် နီးစပ်သောနေရာတွင် ပို၍ထူထဲသည်။ ဤသားရဲများ စိတ်ဆိုးဒေါသဖြစ်နေသည့်အချိန်တွင် သူတို့၏ မျက်လုံးများသည်အနီရောင်သို့ ပြောင်းလဲသွားကြမည်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်မှာလှပကျော့ရှင်းသည် သို့ရာတွင် ချွန်ထက်သော သွားအစွယ်များကိုပိုင်ဆိုင်ထားပြီး အလှနျရနျလျိုတတျသညျ။ သူတို့သည် သာမန်မြင်းများထက် လေးစခန့် လေးလံသော ဝန်များကို သယ်ဆောင်နိုင်စွမ်းရှိသည်။ သူတို့အား အဆင့်၄နတ်ဆိုးသားရဲများ အဖြစ်သတ်မှတ်ထားပြီး လေးလံသော သံမဏိချပ်ဝတ်မြင်းတပ်များအတွက် အသင့်လျော်ဆုံး သားရဲများဖြစ်ကြသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...