45

822 98 2
                                    

Uni
======
Hail The King
အပိုင်း(၄၅)

လေးလံသော ချပ်ဝတ်ကြီးများကို ခံတပ်နံရံဘေးတွင် စုပြုံချထားလိုက်ကြသည်။ချပ်ဝတ်၂၂စုံခန့်သည့် နံရံပေါ်တွင် လင်းလတ်တောက်ပနေကြ၏။

ထိုအရာများမှာ အရင်ဘုရင် တန်ဖိုးထားစုဆောင်းခဲ့သည့် အဖိုးတန်ချပ်ဝတ်များဖြစ်သည်။အလွန်မာကြောသန်မျာသော သံသတ္ထုများဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ကြည့်ရှုရသည်မှာ လှပတင့်တယ်လှပြီး တန်ဖိုးကြီးမားသည့်ပုံပေါက်၏။ခုခံနိုင်မှုမှာလဲ အလွန်မြင့်မားလှပြီး သာမန်လက်နက်မျိုးဖြင့် မထိုးဖောက်နိုင်ချေ။

အရင်ဘုရင်အဟောင်းမှာ ထိုချပ်ဝတ်များအား အလွန်မြတ်နိုးလှပြီး နိုင်ငံ့ရတနာကဲ့သို့ပင် သဘောထားခဲ့သည်။နန်းတော်ထဲမှ ထုတ်သုံးရန်ဆန္ဒပင်မရှိချေ။ဝတ်ဆင်အသုံးချခြင်းလဲမရှိ ရန်ဖန်ရန်ခါ ဂရုတစိုက်ဖြင့် ဖုန်သုတ်ရုံလောက်သာ ရှိ၏။

သို့သော် ဖှေးမှာ ထိုချပ်ဝတ်များအား ကတ်ထူစက္ကူများကဲ့သို့ပင် ဂရုစိုက်ခြင်းမရှိပဲ ခံတပ်နံရံပေါ်သို့ ယူဆောင်လာခဲ့၏။ဘုရင်အလတ်ဇန္ဒားဘာလုပ်တော့မည် ဆိုသည်အား မည်သူမျှမသိကြချေ။ လူအားလုံး အခြင်းခြင်းတီတိုးပြောဆိုနေကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။

"ဘယ်လိုထင်လဲ ငါ့စစ်သားတို့။ မင်းတို့ဒီချပ်ဝတ်တွေကို ဝတ်ဖို့အဆင်ပြေရဲ့လား...."ဖှေး တောက်ပနေသော ချပ်ဝတ်များအား ညွှန်ပြပြီးမေးလိုက်၏။

"ရပါတယ် အရှင်မင်းကြီး။" စစ်သားများပျော်ရွှင်သွားကြ၏။ တန်ဖိုးကြီးအရည်သွေးမြင့်မားသော လက်နက်များ ချပ်ဝတ်များအား အသုံးပြုရန် စိတ်လှုပ်ရှား ပျော်ရွှင်ကြသည်မှာ စစ်သားများ၏ သဘာဝပင်သာဖြစ်သည်။

"ဟုတ်ပြီလေ။ အချိန်သိပ်မရဘူး မင်းတို့ကြိုက်တာကို ရွေးပြီး အမြန်ဝတ်လိုက်တော့..."

စစ်သားများသည် သန်မာသလို ပွင့်လင်းကြသည်။ ဘုရင်၏ အမိန့်ကြားပြီးနောက် မိမိနှစ်သက်သည့် ချပ်ဝတ်အား ဆွဲယူဝတ်ဆင်ကြသည်။

"ပီးရာ့စ် မင်းလည်း တစ်စုံယူလိုက်။ ပြီးရင်ငါ့နောက်လိုက်ခဲ့..."

Hail the king(1-200)Where stories live. Discover now