Uni
=======
Hail The King
အပိုင်း(၁၈၉)"ငါဒီလိုရှေ့ဆကျတျိုးနလေို့တော့မဖွဈတော့ဘူး..."
ဖှေးတစ်စုံတစ်ခုကို တွေးကြည့်အပြီးတွင် ဆုံးဖြတ်ချက်တစ်ခုကိုလျှင်မြန်စွာ ချမှတ်လိုက်သည်။ သူနှင့် အယ်လီနာတို့နှစ်ဦးလုံး အမှတ်သားများ၏အကူညီဖြင့် လာလမ်းအတိုင်းအနောက်သို့ ပြန်ဆုတ်လာခဲ့ရာ ဤဝင်္ကဘာ၏ ဝင်ပေါက်နေရာသို့ ပြန်လည်ရောက်ရှိ၍လာခဲ့ကြသည်။ ဖှေး ယခင်နည်းအတိုင်း ချိတ်ကောက်တပ်ဆင်ထားသော ကြိုးနှင့် သမန်းဝံပုလွေပြောင်းလဲနိုင်သည့်အစွမ်းကိုအသုံးပြုပြီး အေးစက်နေသည့်တွင်းနက်ကြီးအပေါ်မှ ဖြတ်ကျော်လိုက်သည်။ အယ်လီနာသည်လည်း ကျီးကန်းနက်ကြီးအား စီးနှင်း၍ တစ်ဖက်သို့ဖြတ်ကျော်လိုက်၏။
"အရင်ဆုံး သူရဲကောင်းမြို့တော်ကို ပြန်သွားလိုက်...နောက်ပြီးတော့ တစ်ခုကျန်သေးတယ်...ဒါက အတွင်းအားကျင့်စဥ်စာလိပ်ပဲ အနျကယျလမျးပါ့ဒျကျု ဒီစာလိပ်ကိုအသုံးပြုပြီး လေ့ကျင့်လို့ရနိုင်မလား မေးပေး..."ဖှေး သူ၏ ထားသိုရာအကန့်အတွင်းမှာ [အလင်းလက်သီးများ]ဟု အမည်ရှိသော စာအုပ်တစ်အုပ်အား ထုတ်ယူကာ အယ်လီနာအား ပေးကာ ဂရုတစိုက်မှာကြားလိုက်သည်။ "ဒါပေမယ့် အန်ကယ်လမ်းပါ့ဒ်ကို ဒီစာလုပ်ကိုပြုလုပ်ခဲ့တဲ့လူက ငါဖြစ်တယ်ဆိုတာကိုလည်း အသေချာလေးရှင်းပြပေး..ငါဒီစာလိပ်အတိုင်းလေ့ကျင့်ကြည့်ပြီး ပြသနာသိပ်မတွေ့ရပေမယ့်..အနျကယျလမျးပါ့ကျို သေချာရှင်းပြရလိမ့်မယ်...လေ့ကျင့်နေရင်း မူမမှန်တာတစ်စုံတစ်ခုတွေ့ရမယ်ဆိုရင် ချက်ချင်းရပ်ပစ်လိုက်ပါလို့..."
ဤအတွင်းအားကျင့်စဥ်စာလိပ်သည် သူ၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအားလမ်းကြောင်းများ စီးဆင်းနေသည့်အပေါ်မူတည်၍ ရေးဆွဲကြည့်ထားသည့် စာလိပ်တစ်ခုဖြစ်သည်။ ဖှေး ဤစမ်းသပ်ပြုလုပ်ထားသည့် စာလိပ်အားအသုံးပြုကာ ကျင့်ကြံကြည့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် စွမ်းအင်များကို မသိုလှောင်နိုင်သော်လည်း ဤသည်မှာလည်း တစ်နည်းအားဖြင့် ကောင်းမွန်သည့် အချက်တစ်ခုဖြစ်သည်။ မတော်တဆဖြင့် မှားယွင်းလေ့ကျင့်မိပါကလဲ ခနအကြာတွင် သက်ရောက်မှုများပြန်လည်ပျောက်ကွယ်သွားတတ်သဖြင့် သိပ်ပြီး ပြသနာမရှိလှချေ။ သူ၏ စမ်းသပ်လေ့ကျင့်မှုများအတွင်းတွင် သူသည်ဤစာလိပ်အား များစွာသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သဖြင့် ယခုအချိန်တွင် စာလိပ်တွက် အမှားများမရှိတော့ဟု ယူဆနိုင်၏။ သူ စာလိပ်နာမည်အား အလင်းလက်သီးဟု နာမည်ပေးထားရခြင်းမှာ သူအသစ်ထက်မံဖြည့်ထားသည့် အတွင်းအားစီးကြောင်းများသည် လေ့ကျင့်သူ၏ တိုင်ခိုက်မှုအမြန်နှုန်းကို မြားစှာတျိုးမွှငျ့ပေးထားသောကွောငျ့ပငျ။ ကျင့်ကြံသူအား အလင်းကဲ့သို့အမြန်နှုန်းဖြင့် တိုက်ခိုက်နိုင်မှုကို ရရှိစေသည်။ ထို့အပြင် ကျင့်ကြံသူ၏ ခွန်အားကိုလည်း အဆပေါင်းအနည်းငယ် တိုးမြှင့်ပေးသည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...