52

817 100 2
                                    

Uni
=====
Hail The King
အပိုင်း(၅၂)

ငွေရောင်မျက်နှာဖုံးရှင်၏ ဘေးတွင်အမဲရောင်ဝတ်ရုံဝတ်ထားသည့် ထူးဆန်းသည့်မှော်ဆရာ မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်ကို မည်သူမှ သေချာမသိချေ။အနီးကပ်တွင်ရှိနေသော်လည်း ငွေရောင်မျက်နှာဖုံးရှင် ထုတ်လွှတ်လိုက်သော အတွင်းအားများသည် သူ့အပေါ်တွင် မည်သည့်နည်းဖြင့်မှ ထိရောက်ခြင်းမရှိပေ။ထိုမှော်ဆရာစီးနေသော်မြင်းမှာ အေးဆေးပင် မြက်စားလျှက်ရှိနေ၏။အမဲရောင်စွမ်းအင်များမှာ သူ့အား ဝန်းရံလျှက်ရှိပြီး ထိုပတ်ဝန်းကျင်ရှိအလင်းကိုပင် ကွေးညွတ်စေလျက်ရှိသည်။

"ငါ့အမိန့်ကိုသွားပြောပေး သံချပ်ဝတ်ထိုးဖောက်နိုင်တဲ့ လေးသည်တော်ဖွဲ့စည်းပုံကို အသင့်ပြင်ထားဖို့ပြောလိုက်။ တံတားရဲ့ရှေ့ပိုင်းတဝက်လောက်ကို နေရာလပ်မရှိပစ်နိုင်အောင် စီစဥ်ထား၊ ငါဘာပဲပေးရပေးရ ဒီခွေးသားတွေကို သေအောင်ပစ်နိုင်မှ ကျေနပ်မယ်...." ငွေရောင်မျက်နှာဖုံးရှင် ဒေါသဖြင့် အမိိန့်ပေးလိုက်သည်။ သူ၏မျက်လုံးများမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် နီရဲနေ၏။

"ဆရာ...ကျွန်နော်တို့စစ်သားတွေလဲတံတားပေါ်မှာရှိနေသေးတယ်လေ သူတို့ပါရောပြီး မြှားမှန်ကုန်နိုင်ပါတယ်...."

အမဲရောင်စစ်သည် များမှာနားမလည်နိုင်ကြချေ။ ဖှေးတို့အုပ်စု ဝင်တိုက်ပြီးချိန်တွင် အုပ်စုနှစ်ခုမှာ ရောနေပြီဖြစ်သည်။အကယ်၍ထိုနေရာအား သံမဏိဖောက်ထွင်းနိုင်သည့် လေးမြှားများဖြင့် ပစ်ခတ်ပါက သူတို့လူ၁၀၀ ကျော်ခန့်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။

"ငါ့တို့စစ်သားတွေလား စစ်သားတွေဆိုတာသူတို့ခေါင်းဆောင်ကိုကာကွယ်ဖို့ အသက်ပေးရတာ သူတို့တာဝန်မဟုတ်ဘူးလား၊ ငါ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် သူတို့အသက်စွန့်လွှတ်ခွင့်ရတာ သူတို့ကိုယ်သူတို့ ကံကောင်းတယ်လို့တောင်ယူဆရဦးမယ်။"

ငွေရောင်မျက်နှာဖုံးရှင် မှာ အနောက်သို့ပင့်လှည့်မကြည့်ပေ။ စာကြောင်းအနည်းငယ်မှာ စစ်သားတစ်ရာကျော်၏ ကံကြမ္မာအား ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

Hail the king(1-200)Where stories live. Discover now