168

567 59 3
                                    

Uni
=======
Hail The King
အပိုင်း(၁၆၈)

လေထဲတွင်အရှိန်မြင့်မားစွာဖြင့် လည်ပတ်နေသော ပုဆိန်အချောင်း၃၀မှာ နတ်ဆိုးများ၏ အနမ်းကဲ့သို့ပင်။ နေရာတိုင်းတွင် ဖျက်ဆီးမှုများကိုသာ ယူဆောင်လာသည်။ လေးလံသောချပ်ဝတ်များဝတ်ဆင်ထားသည့် သံမဏိချပ်ဝတ်စစ်သည်များမှာ ပျော့ပျောင်းသော တို့ဟူးများကဲ့သို့ပင် အလွယ်တကူပင် နှစ်ပိုင်းပြတ်သွား၏။ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းများမှာ ရှေ့သို့ချီတက်နေရင်းနှင့်ပင် နှစ်ပိုင်းပြတ်သွားသည်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရသည်။ ကြီမားလှသော အားများမှာ စစ်သည်များ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ဖြတ်သန်းသွားသည်။ လေပေါ်တွင် ပျံ့ကျဲသွားသည့် သွေးစများမှာ အပြာရောင်ကောင်းကင်ကို အနီရောင်ချယ်သပစ်လိုက်၏။ ဤရက်စက်ကာ သေစေနိုင်သည့် ပုဆိန်ကြီးများကို မည်သူမှ တားဆီးနိုင်ခြင်းမရှိပေ။ ကြောက်မက်ဖွယ်အော်သံကြီးများမှာ စစ်မြေပြင်တွင် အချိန်ခနကြာခန့် ပြည့်နှက်သွားသည်။ တချို့လူများမှာ ခြေလက်များသာ ပြတ်ထွက်သွားကြသဖြင့် ချက်ချင်းမသေဆုံးသေချေ။ ဒဏ်ရာများကို ဖိကိုင်ကာ ညီးတွားအော်ဟစ်နေကြသည်။

ဤသည်မှာ ကမ္ဘာပေါ်ရှိ ငရဲခန်းတစ်ခုကဲ့သို့ပင်။

မြေစွမ်းအင်သုံးစစ်သည်မှာ စစ်ပွဲများစွာရင်ဆိုက်တိုက်ခိုက်ဖူးသည်။ သို့သော် ဤမျှ သွေးသံရဲရဲနှင့် ရက်စက်သည့်တိုက်ပွဲအား မြင်ရူည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူ၏ဘေးသို့ ခြေထောက်တစ်ချောင်းပြုတ်ကျလာခဲ့သည်။ စစ်သည်မှာ ထိုခြေထောက်ကို မှတ်မိသည်။ သူ၏ အပေါင်းပါတစ်ယောက်၏ ခြေထောက်ပင်။ ထိုသူမှာ ယခင်၃စက္ကန့်ခန့်အကြာက သူ၏ဓားနှင့် ချပ်ဝတ်ကိုတီးခေါက်ပြီး ရက်စက်စွာရယ်မောနေခဲ့သူဖြစ်သည်။ ယခုအခါတွင် အသားစများ၊ အရိုးများနှင့် ခြေထောက်တစ်ချောင်းမှလွဲ၍ မည်သည့်အရာမှမကျန်ရှိခဲ့တော့ပေ။

ပစ်လွှတ်လိုက်သော ပုဆိန်ကြီးများမှာ သေခြင်းတရား၏ လမ်းကို ဖောက်ထွင်းလိုက်သကဲ့သို့ပင်။ အရှိန်ကုန်သောအခါမှာ မြေပေါ်သို့ ပြန်လည်ပြုတ်ကျကုန်ကြသည်။

Hail the king(1-200)Where stories live. Discover now