Uni
=======
Hail The King
အပိုင်း(၁၂၄) "လုပ်ကြံသတ်ဖြတ်မှု"ချမ်းဘော့ဒ်တိုင်းပြည်အား အရပ်သုံးမျက်နှာတွင် တောင်တန်းများဖြင့် ကာရံထားပြီး ကျန်တစ်မျက်နှာအား ရေစီးကြမ်းသည့် ဇူလီမြစ်ဖြင့် ကာရံထားသည်။ မြေမျက်နှာသွင်ပြင်မှာ ပြင်ပမှလူများဝင်ရောက်ရန်အတွက် အလွန်ခက်ခဲသည်။
အမက်စောက်ဆုံးဖြစ်သည့် အရှေ့ဘက်တောင်တန်းမှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် အရေးပါသည့်နေရာတစ်ခုဖြစ်သည်။ အရင်ဘုရင်ဟောင်းများ နတ်ရွာစံသွားသည့်အချ်န်တွင် ဤနေရာ၌ပင် မြုပ်နံကြသည်။ တော်ဝင်မျိုးနွယ်များ၊ ဆွေကြီးမျိုးကြီးများ၊ စစ်သည်များ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသော သူရဲကောင်းများသည်လဲ ဤနေရာ၌ပင် လဲလျှောင်းအနားယူစေသည်ဖြစ်သည်။ သူတို့၏ ရဲရင့်သော ဝိဉာဉ်များသည် ချမ်းဘော့ဒ်တိုင်းပြည်အား နှစ်ပေါင်းများစွာဆက်လက်ကာကွယ်နေမည်ဟူသည့် အဓိပ်ပါယျပငျ။
အရှေ့ဘက်တောင်ထိပ်၏မြေမျက်နှာအသွင်ပြင်မှာ အလွန်ထူးခြားသည်။ အလွန်တရာ မက်ဆောက်ပြီး တောင်ထပ်သို့ရောက်ရန်အတွက် လမ်းနှစ်ခုသာရှိသည်။ လမ်းတစ်ခုမှာ တောင်အား၁၂ကြိမ်ပတ်ကာဖောက်လုပ်ထားခြင်းဖြစ်သည်။ ထို့နောက်တွင် တောင်ထိပ်သို့ရောက်သည်အထိ ကျောက်လှေကားပေါင်း ၃၁၀၀ခန့်တပ်ဆင်ထားသည်။ ကောင်းကင်ဘုံသို့သွားရာလမ်းကြောင်းခဲ့သို့ပင်။ ကျန်တစ်လမ်းမှာ ပို၍အန္တရာယ်များသည် ကျောက်နံရံတွင်စိုက်ထားသောသံမဏိချောင်းများပေါ်တွင် ခိုင်မာသောသံကြိုးများတပ်ဆင်ထားချင်းသာဖြစ်သည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသော ဆရာများအတွက် လမ်းကြောင်းဖြစ်သည်။ သူတျု့သညျ တောင်ထိပ်သို့ ထိုနည်းဖြင့် မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မည်ဖြစ်သည်။
ဖှေးနှင့် သူ၏နောက်လိုက်များသည် ပထမလမ်းကြောင်းမှ လာခဲ့ကြခြင်းဖြစ်သည်။ နာရီဝက်ခန့်သွားပြီးနောက်တွင် တောင်ထိပ်သို့ရောက်လာခဲ့ကြသည်။
သို့သော် လူနှစ်ယောက် ဒုတိယလမ်းရှိ သံမဏိကြိုးများမှတဆင့် တောင်ထပ်သို့အလျှင်အမြန်တက်သွားသည်ကိုတော့ သူတို့အားလုံးသတိမထားမိလိုက်ကြချေ။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...