21

997 102 2
                                    

Uni
======
Hail The King
အပိုင်း(၂၁)

"ဘုရင် အလတ်ဇန္ဓား ကျန်းမာပါစေ...."

"ချမ်းဘော့ဒ် တိုင်းပြည် အဒွံ့ရှည်တည်တံ့ပါစေ...."

တိုက်ပွဲပြီးကာစကာလတုန်းကလိုပင်  ပျော်ရွှင်စွာအော်ဟစ်ကြွေးကြော်သံများနှင့် ဆူညံကုန်ကြ၏။မျက်စိရှေ့တွင် မြင်ရသော မြင်ကွင်း၏ အဓိပ်ပါယျကို လူတိုင်းနားလည်ကြသည်။"ငါတို့ရဲ့ဘုရင်က တကယ်ပဲ နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်တာပါလား....။ဒါဆိုရင် စစ်ပွဲနတ်ဘုရားက ချမ်းဘော့ဒ် တိုင်းပြည်ကို ကြည့်ရှုစောင့်ရှောက်နေတာပါလား။ဒီလိုအတိုင်းသာဆိုရင် ရန်သူတွေ ချမ်းဘော့ဒ် တိုင်းပြည်ကို ဘယ်တော့မှ သိမ်းပိုက်နိုင်မှာမဟုတ်ဘူး။"လူတိုင်းထိုကဲ့သို့တွေးမိကြ၏။

လူတိုင်း၏ စိတ်ထဲမှ စိုးရိမ်ထိတ်လန့်မှုများမှာ ရုတ်တရက်ပျောက်ကွယ်သွားကြပြီဖြစ်သည်။ပျော်ရွှင်နေကြသော လူထုကြီးအလယ်တွင် အန်ဂျယ်လာသည် တိတ်ဆိတ်စွာ မက်တပ်ရပ်နေ၏။သူမသည် လူအများ၏ အားပေးမှုနှင့် လေးစားမှုများကို ကျေနပ်နေသည့် ယောက်ျားတစ်ယောက်အား ရပ်ကြည့်နေသည်။သူမ၏ စိတ်ထဲတွင်လဲ စိုးရိမ်မှုများ မရှိတော့ချေ။သူမ၏စိတ်ထဲမှပျော်ရွှင်မှုများမှာ နတ်ဘုရား၏ ကောင်းချီးပေးမှုကြောင့်လား အလတ်ဇန္ဓား ပြောင်းလဲသွားသောကြောင့်လား ဆိုသည်ကိုတော့ မသဲကွဲချေ။

အခြေအနေမှာ ပျော်ရွှင်စရာပင်ဖြစ်သည်။ အမ်မာတစ်ယောက်ပင် လူအုပ်ကြီးနှင့် ပျော်ရွှင်စွာအားပေးခုန်ပေါက်နေ၏။

[သွေးပုလင်း အငယ်စား]ကို ရေနှင့်ရောစပ်ထားသော အိုးထဲမှရေများကို ဘရွတ်ခေါင်းဆောင်ကာ ဒဏ်ရာရစစ်သားများကို လိုက်လံဝေငှပေး၏။နန်းတော်ထဲတွင် အံ့သြ မှုများပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။နာရီဝက်အတွင်းမှာပင် ငြီးတွားနေကြသော စစ်သားများမှာ နာကျင်မှုများ ပပျောက်သွားကြပြီဖြစ်သည်။ ဒဏ်ရာအနည်းငယ်သာ ရရှိထားသော စစ်သားများမှာ လက်နက်များကိုင်စွဲကာ တဖန်တိုက်ပွဲဝင်ရန်ပင် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

မျှော်လင့်ခြင်း အလင်းရောင်များမှာ ချမ်းဘော့ဒ် နိုင်ငံရှိလူများ အားလုံးပေါ်တွင်ကျရောက်နေလျက်ရှိသည်။ဤသည်မှာ ဘုရင်အလတ်ဇန္ဓား၏ကျေးဇူးကြောင့်ဖြစ်၏။လူတိုင်းသည်ဖှေးအား ကိုးကွယ်လေးစားမှုများဖြင့် ဝိုင်းကြည့်နေကြ၏။

Hail the king(1-200)Where stories live. Discover now