153

596 58 1
                                    

Uni
=======
Hail The King
အပိုင်း(၁၅၃)

ဖှေး အတွင်းအားကျင့်စဥ်စာလိပ်တစ်ခုအား ကိုင်ပြီး ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။

သူ သူ၏ စွမ်းအင်ကိုတိုးမြှင့်ရန်အတွက် အတွင်းအားကျင့်စဥ်စာလိပ်များ၊ မှော်ပညာကျင့်စဥ်စာလိပ်များကို အသုံးပြုကြည့်ခဲ့ဖူးသည်။ စမ်းသပ်မှုများစွာပြုလုပ်ပြီးသည့်နောက်တွင် ရလဒ်မှာ စိတ်ပျက်အားလျှော့ဖွယ်ပင်။ စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်တွင် သူသည်အတွင်းအားကျင့်စဥ်များ၊ မှော်ပညာကျင့်စဥ်များနှင့် ပတ်သက်ပါက ပါရမီအရည်ချင်းမရှိသည်ကိုတွေ့လိုက်ရသည်။ တကယ်တန်းမှာ သူ၏ခန္ဓာကိုယ်သည် အေဇာရုတိုက်မှလူများ၏ ခန္ဓာကိုယ်နှင့််််မတူညီပဲ ကွာခြားနေခြင်းဖြစ်သည်။ အတွင်းအားများ၊ မှော်စွမ်းအားများကို သိုလှောင်ထိန်းသိမ်းနိုင်ခြင်းမရှိပေ။

အေဇာရုတိုက်မှ  စွမ်းအားကျင့်စဥ်များမှာ စစ်သည်များသည် လေ့ကျင့်မှုအဆင့်ဆင့်ပြုလုပ်၍သော်လည်းကောင်း မှော်ဆရာများသည် တရားထိုင်ခြင်းဖြင့်သော်လည်းကောင်း စွမ်းအားများရရှိလာမည်ဖြစ်သည်။ သို့သော် ဖှေးအတွက်မှာမူ လေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းဖြင့် စွမ်းအားများရရှိလာသော်လည်း ထိုစွမ်းအားများမှာ အချိန်တစ်ခုသို့ရောက်ရှိသည့်အချိန်တွင် ပြန်လည်ပျောက်ကွယ်သွားသည်။ ဖှေးနှင့် တူပုနျးတျိုငျးကစားနသေကဲ့သို့ပငျ။

ဤအချက်ကြောင့် ဖှေး အေဇာရုတိုက်မှ စွမ်းအားကျင့်စဥ်မျယး လေ့ကျင့်ခြင်းကို စွန့်လွှတ်လိုက်ရသည်။

သူဒိုင်ယာဘလို ကမ္ဘာကိုသာအသုံးပြုပြီး သူ၏စွမ်းအားများကို မြှင့်တင်ရန်ဆုံးဖြတ်လိုက်သည်။

သူအတွင်းအား ကျင့်စဥ်စာလိပ်နှင့် မှော်ကျင့်စဥ်စာလိပ်ကို ပစ္စည်းထားသိုရာအကန့်ထဲသို့ထည့်လိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ဝင်လာခဲ့သည်။

ထို့နောက်တွင် လူရိုင်းဇာတ်ကောင်အားရွေးချယ်ပြီး သူတော်စဥ် အာကာရာထံသို့ထွက်လာခဲ့သည်။

လွန်ခဲ့သည့် ရက်ပေါင်းအနည်းငယ်ခန့်ကစတင်ပြီး ဖှေး အာကာရာထံသို့သွားပြီး အချိန်နည်းငယ်ကြာ ဆေးဝါးဖော်စပ်နည်းများ၊ စာလိပ်ပြုလုပ်နည်းများကို လေ့လာသင်ကြားလေ့ရှိခဲ့၏။ ဘုရားသခင်ပေးသည့် အစွမ်းသုံးခုထဲမှ တစ်ခုဖြစ်သည့် [သင်ယူခြင်း]သည် စတင်အသက်ဝင်လာသည်။ ဖှေး ထိုအရာများကို သင်ယူသည့်နေရာတွင် အလွန်ပါရမီထူးလှသဖြင့် အာကာရာပင် အံ့သြယူရသည်။ သို့သော် ဘုရင်မင်းမြတ်သည် သူ၏ မေ့တတ်သော အကျင့်အား ဒိုင်ယာဘလို ကမ္ဘာအထိပင် သယ်ဆောင်လာခဲ့သည်။ မကြာခနပင် အရေးကြီးပါဝင်ပစ္စည်းများထည့်ရန် မေ့လျော့နေခဲ့လေ့ရှိသည်။ မှော်စာလိပ်ပြုလုပ်ရာတွင်လည်း တလွဲမှော်စာလုံးများထွင်းထုမိလေ့ရှိပြီး ဖန်တီးမှုတစ်ခုလုံးအား ဖျက်ဆီးပစ်လေ့ရှိသည်။ ထိုလွဲမှားမှုများသည် ကျယ်လောင်သော ပေါက်ကွဲမှုများနှင့်အတူအဆုံးသက်လေ့ရှိပြီး မျက်နှာတွင် မီးခိုးများပေကျံလျှက် ဖှေးအနောက်မှ တံမြတ်စည်းတစ်လက်နှင့် လိုက်ရိုက်နေသော အာကာရာကို သူပုန်အမျိုးသမီးများ မကွာခဏတှေ့မွငျလေ့ရျှိသညျ။

Hail the king(1-200)Where stories live. Discover now