Uni
======
Hail The King
အပိုင်း(၁၇၂)ဤအခိုက်တန့်တွင် ချီရှူအီတိုင်းပြည်၏ ဘုရင်သည် ထိုမီးနတ်ဘုရားစံမဏိစစ်သည်၁၀၀ အား ချွေတာရန်အတွက် ဂရုမစိုက်နိုင်တော့ပေ။ သူထွက်ပြေး၍ လွတ်မြောက်နိုင်သည်ဆိုပါက ဘာမဆို စွန့်လွှတ်မည်ဖြစ်သည်။
ကျွဲချိုမှုတ်သံတစ်ခုထွက်ပေါ်လာသည်။ ပြင်ဆင်ပြီးသားဖြစ်သည့် လေးလံသောသံမဏိချပ်ဝတ်များနှင့် မြင်းစစ်သည်များသည် သူတို့ဘုရင်၏ အမိန့်အတိုင်း စတင်ဆောင်ရွက်ကြတော့၏။ မီးမှုတ်သားရဲ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာကန်လိုက်ပြီး စတင်ချီတက်ကြတော့သည်။ သူတို့၏ ချိုင်းကြားထဲတွင် တင်းကြပ်မြဲမြံစွာ ညှပ်ထားသော လှံရှည်များနှင့် သူရဲကောင်းများသည် ရွေ့လျားနေသော လူသတ်စက်ကြီးများကဲ့သို့ပင်။ မီးမှုတ်သားရဲများ၏ ခြေလှမ်းများသည် မြေပြင်ကိုပါ တုန်ခါစေပြီး ဖှေးထံသို့ချီတပ်လာကြ၏။
သူရဲကောင်းများမှာ သူတို့၏ ကျွမ်းကျင်မှုကို ပြသကြသည်။
ချီရှူအီတိုင်းပြည်ဘုရင်နှင့် နီးကပ်လာသည့်အချိန်တွင် ဖွဲ့စည်းပုံသည် နှစ်ခြမ်းကွဲသွားပြီး ၂မီတာခန့်အကျယ်ရှိသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ချောမွေ့စွာပင် သူတို့၏ဘုရင်သည် ထိုလမ်းကြောင်းမှ ဖြတ်သန်းသွားပြီးသည်နှင့် တပြိုင်နက် ပြန်လည်ပိတ်လိုက်၏။ သူရဲကောင်းများ၏ လှံများမှာတောက်အနေပြီး မီးမှုတ်သားရဲများမှာ မြေပြင်အား တုန်ခါစေပြီး ဖှေးထံသို့ဦးတည်ကာ ချီတပ်လာကြတော့သည်။
စစ်မြေပြင်တွင် ထိုအရာသည်နှိုင်းယှဥ်၍မရသော အင်အားတစ်ခုပင်။
ဤအခိုက်တန့်တွင် မွငျကှငျးကျိုကွညျ့နသေူမညျသူမဆို ခွေးနှင့် လူတျို့မှာ ဘေးသို့ရှောင်သွားလိမ့်မည်ဟုတွေးလိုက်မိကြသည်။
တစ်ကိုယ်ရည်စွမ်းအား မည်မျှပင်ကြီးစေကာမူ သူရဲကောင်းများစွာ စုပေါင်းထားသည်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်အထိ သန်မာလိမ့်မည်မဟုတ်ပေ။ ဤချီတပ်လာကြသော သူရဲကောင်းများ၏ အရှေ့တွင်ရပ်နေပါက နန်းတော်နံရံများပင် ပြိုလဲကျသွားနိုင်၏။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...