Uni
======
Hail The King
အပိုင်း(၉၇)ဆောငျးဦးလပွေတျေိုကျခတျသဖွငျ့ သစ်ရွက်များလေထဲသို့လွှင့်စင်ကုန်ကြသည်။
"ဟမ်....ဘယ်သူမှလဲ မလိုက်ခဲ့ကြဘူးလား....သူတို့တွေငါ့ကို ဝိုင်းနောက်နေကြတာလား....ဟူးး....မိန်းကလေးတွေဘာတွေးနေတယ်ဆိုတာကို ဘယ်တော့မှနားမလည်နိုင်ပါလား...."
ငယ်ရွယ်လှပသည့် အမျိုးသမီးသူပုန်များပါမလာကြသည်ကို သတိထားမိသွားသောဖှေးသည် ဝမ်းနည်းကြေကွဲစွာဖြင့် ဆောင်းဦးလေနှင့်အတူ လွင့်စင်နေသော သစ်ရွက်ခြောက်များကို အတန်ကြာငေးကြည့်နေ၏။ ထို့နောက်တွင် ကောင်မလေးများရုတ်တရင်စိတ်ပြောင်းသွားကာ မလိုက်တော့ရန်ဆုံးဖြတ်လိုက်သည်ဟု မှတ်ယူလိုက်ပြီး သီချင်းတစ်ပုဒ်ဆိုကာ လူ့တ်ဂိုလိမ်မြို့ထဲသို့လမ်းလျှောက်ဝင်သွားပြီး မြို့ထဲတွင် ကွန်ပျူတာဇာတ်ကောင် ဖာရာနှင့်တွေ့လိုက်ရသည်။ သူမသည်သည်လည်း သူပုန်စခန်းမှ ပန်းပဲဆရာမချယ်စီကဲ့သို့ပင် လူ့တ်ဂိုလိမ်မြို့၏ ပန်းပဲဆရာမဖြစ်သည်။ သူမထံမှ ဖှေးပို၍အဆင့်မြင့်ကာ သေစေနိုင်သော လက်နက်များဝယ်ယူနိုင်သည်။
ဖှေးဝယ်ယူရရှိနိုင်သည့် ပစ္စည်းများစာရင်းကိုဖွင့်ကြည့်လိုက်ပြီး စတင်ကြည့်ရှုတော့သည်။
သူချပ်ဝတ်များကို စတင်ကြည့်ရှုသည်။
သူယခင်က အသုံးပြုနေခဲ့သည့် [အာတိတ်သားမွေး]မှာ ယခုအချိန်တွင် အနည်းငယ်ဒိတ်အောက်နေပြီဖြစ်သည်။ အဆင့်မြင့်မကောင်းဆိုးဝါးများ၏ ချွန်မြသော လက်သည်းဒဏ်များ၊ အစွယ်ဒဏ်များကို ကောင်းမွန်စွာခုခံနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် အဆင့်မြင့်လဲလှယ်ရမည်ဖြစ်တော့သည်။
ဖှေး အရာအားလုံးကို ဂရုတစိုက်ကြည့်ရှုပြီး ခုခံအား ၉၅ရှိသည့် အငျးစကျကွေးခှံမြားကဲ့သျို့ ပြုလုပ်ထားသော အနီရောင်ချပ်ဝတ်တစ်ခုကိုတွေ့လိုက်ရသည်။ ဤ [ကြေးခွံချပ်ဝတ်]မှာ [အာတိတ်သားမွေး]ထက် ခုခံနိုင်စွမ်းနှစ်ဆမြင့်မားသလို စျေးမှာလဲအလွန်ကြီးလှသည်။ ဖှေးအား ရွှေဒင်္ဂါး၂၀၀၀၀အပြည့်ကုန်ကျစေမည်ဖြစ်သည်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...