Uni
======
Hail The King
အပိုင်း(၁၂)သံမဏိဦးထုတ်နှင့် မျက်နှာဖုံးနောက်ကွယ်မှ သူ၏မျက်နှာကို မည်သူမှ မမြင်နိုင်သော်လည်း ထိုသူသည် စစ်သားတို့၏ ယုံကြည်မှုနှင့် လေးစားမှုတို့ကို ရပြီးဖြစ်သည်။ဖှေးတိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားသည်ကို တွေ့သော် ဘရွတ်နှင့် စစ်သားများသည် ဖှေးထံ အပြေးသွားကြ၏။ချမ်းဘော့ဒ်နန်းတော်အား ကယ်တင်ခဲ့သော ဖှေးအား အသက်စွန့်ကာကွယ်ရန် အဆင်သင့်ဖြစ်နေကြပြီ။
ဓားသမား လမ်ဒီသည်လဲ ကြယ်သုံးလုံးအဆင့်ရှိ စစ်သည်ဖြစ်၏။သို့သော် ဖှေး၏ နဂါးကဲ့သို့ ခွန်အားနှင့် ပြန်လည်တိုက်ခိုက်မှုကြောင့် ညာလက်တစ်ခုလုံး ထုံကျဥ်ကာ အသက်ရှူရပင်ခက်နေ၏။ပို၍ဆိုးသည်မှာ ဖှေးရိုက်ချက်ကြောင့် လေပေါ်လွှင့်သွားခြင်းပင်။
သို့သော်-----
"သေစမ်းကွာ".
သူ၏ဘယ်လက်အား ဝှေ့ရမ်းလိုက်ကာ ချိတ်နှင့် ကြိုးတစ်ချောင်းထွက်လာသည်။ ယခင်ရန်သူအသုံးပြုသော အရာကဲ့သို့ပင်။ထိုချိတ်သည် နံရံကိုချိတ်သွားသော် အားဖြင့်ဆွဲကာ နံရံပေါ်သို့ တဟုန်ထိုး ပြန်တက်လာခဲ့သည်။
ကူညီရန်ကြိုးစားနေသော ဘရွတ်နှင့်စစ်သားများသည် ကြီးမားသော စွမ်းအားကြောင့် အနားပင်ကပ်မရချေ။
လမ်ဒီသည် သူ၏လက်နက်အား စွမ်းအင်များပြန်ဖြည့်လိုက်၏။အနီရောင်မီးတောက်များ လွှမ်းခြုံနေသော ဓားဖြင့် ဖှေးကိုထိုးလိုက်သည်။ကြယ်သုံးလုံးအဆင့် စစ်သည်ကိုမရှုပ်သင့်ကြောင်း ပညာပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ချမ်းဘော့ဒ် စစ်သားများ ဖှေးကို သေတော့မည်ဟုထင်ကာ ထိတ်လန့်ကုန်ကြသည်။
သို့သော်..........
"ဟားဟား မင်းရတာ ဒါအကုန်ပဲလားခွေးမသား"
ဖှေးခန္ဓာကိုယ်အား အနည်းငယ်တိမ်းစောင်းလိုက်ကာ ဓားသည် ဖှေးပခုံးအား ဖောက်ဝင်သွား၏။သို့သော် ဖှေးဒဏ်ရာရသော ခြငျေ်သ့ကဲ့သို့ ဟိန်းဟောက်လိုက်လေသည်။
"အား...."
လူရိုင်း၏ ကျွမ်းကျင်မှု [ဟိန်းဟောက်ခြင်း]ပင်။
YOU ARE READING
Hail the king(1-200)
AdventureFb page name=Hail the king အနောက်တိုင်းဆန်ဆန် တရုတ်ဝတ္ထုတစ်ပုဒ်။ ဖေးဆိုတဲ့ကောင်လေးက ကမ္ဘာတစ်ခုဆီကိုဝိဉာဉ်ကူးပြောင်းသွားတယ်။King Alexander သူကူးပြောင်းသွားတဲ့ ဦးနှောက်မပါတဲ့ဘုရင်တစ်ပါး။ဖေးဟာ ဂိမ်းထဲကလိုကမ္ဘာအပြန်အလှန်ကူးနိုင်တဲ့ဟာကိုအသုံးချပြီး ခရူ...